ဒီရာသီမှာ လီဗာပူးအသင်းဟာ ဖလား ၄ လုံး လမ်းကြောင်းထဲမှာ ရှိနေသေးပြီး အင်္ဂလန်သမိုင်းမှာ ဒါမျိုး ပထမဆုံး လုပ်နိုင်မယ့် ကလပ်ဖြစ်လာနိုင်ဖို့ အခွင့်အရေး ရှိနေပါတယ်။
မာဆေးဆိုဒ်ဒေသဖွား လီဗာပူးအသင်းသား ထရန့်က ရနိုင်သမျှ ဖလားအားလုံး အနိုင်ယူကာ ဒီရာသီ ဖလား ၄ လုံး အောင်မြင်နိုင်အောင် ကြိုးစားမယ်လို့ ထုတ်ပြောထားတာဖြစ်တယ်။
လက်ရှိ မန်စီးတီးမှာ ကစားနေတဲ့ မာဆေးဆိုဒ်ဖွား အဲဗာတန်ကစားသမားဟောင်း ဂျွန်စတုန်းကတော့ ဒီရာသီ ကာရာဘောင်းဖလား အောင်မြင်ထားတဲ့ လီဗာပူးအသင်း ဖလား ၄ လုံးအောင်မြင်တာမျိုး ဖြစ်မလာစေရဘူးလို့ တုန့်ပြန်လာပါတယ်။
လီဗာပူးအသင်း ဖလား ၄ လုံးရနိုင်ချေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခံရချိန်မှာ ဂျွန်စတုန်းကပဲ “ အိုး.. နိုး..။ အဲ့လိုအဖြစ်ခံလို့ ဘယ်ဖြစ်မလဲ။
အာဆင်နယ်၊ လီဗာပူးတို့လို အသင်းတွေက ကျနော်တိုပကို တွန်းအားပေးနေတယ်။ ဆုဖလားအတွက် ကျနော်တို့ကလည်း သူတို့ကို တွန်းအားပေးနေပါတယ်။ အခြေအနေက ကျနော်တို့ဘက်မှာ ရှိနေပါသေးတယ်။
ကျနော်တို့ ပိုကောင်းလာရမှာဖြစ်သလို ဒီရာသီဟာ အားကောင်းတဲ့ ပြိုင်ဆိုင်မှု ဖြစ်လာမှာပါ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီမှာ မန်စီးတီးကလည်း မနှစ်ကလို ဖလား ၃ လုံး အောင်မြင်တာမျိုး ထပ်မံ လုပ်ပြနိုင်မယ့် အခွင့်အရေး ရှိနေဆဲပါ။ ဒါကြောင့် လီဗာပူးကလည်း အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ်ဖလားမှာ မန်စီးတီး လမ်းချော်သွားအောင် လုပ်ပြနိုင်ရမှာ ဖြစ်ပါတယ်။