လီဗာပူးအသင်းဟာ နော်တင်ဟမ် ဖောရက်စ်ကို အဝေးကွင်းမှာ အနိုင်ရခဲ့အပြီး ပရီးမီးယားလိဂ် ဦးဆောင်သူနေရာအား အမှတ်အသာဖြင့် ဆက်ထိန်းနိုင်ဆဲဖြစ်ပါတယ်။
ဒီပွဲရဲ့ အနိုင်ဂိုးကို ဒါဝင် နူးညက်စ်က နောက်ဆုံးမိနစ်မှ သွင်းခဲ့တာ ဖြစ်ပေမယ့် ပွဲအပြီး ဘီဘီစီနဲ့ ချက်ခြင်း လုပ်ခဲ့တဲ့ အင်တာဗျူးမှာ နည်းပြကလော့ပ်ကတော့ ဒါဝင် နာမည်တောင် မထည့်နိုင်ဘဲ မာကာကို အထူး ဂရုပြု ချီးကျူးသွားခဲ့ပါတယ်။
” အခြေအနေ အရပ်ရပ်တွေကြောင့် အခက်ခဲဆုံး ပွဲကို ကျွန်တော်တို့ ကစားခဲ့ရတာပါ။ ကျွန်တော်တို့ လက်ရှိ လူစာရင်း၊ အနေအထားနဲ့ ၁၁ ရက် အတွင်း ၄ ပွဲ ကစားရတာ တကယ်ကို ခက်ခဲတာပါ။
ပွဲကတော့ စူပါထူးရှယ်ပါပဲ။ ဒီနေ့ပွဲ ဘယ်နေရာမှာမှ ကျွန်တော်တို့ အတွက် မလွယ်ကူခဲ့ဘူး ဆိုတာ ခင်ဗျားတို့လည်း တွေ့မှာပါ။ ဒါကိုတောင် အသင်းက ၄ ပွဲလုံး နိုင်ခဲ့တယ်။ ကျွန်တော်တော့ မယုံနိုင်အောင်ပဲ။
You all thought I was joking when I said Alexis Mac Allister is the 2nd best cm in the league. Look at the composure, calmness, and quality in the 98 min. Don't get me started with Darwin!! WE MOVE REDS 🔥🔥🔴 pic.twitter.com/vISWeL14gN
— Man Like Matt 🇯🇲 🇬🇾 (@Matt_Kopish) March 2, 2024
နောက်ဆုံးသော စက္ကန့်မှာမှ မယုံနိုင်စရာ ကောင်းလွန်းတဲ့ ဂိုးဖန်တီးမှုကို တွေ့ခဲ့တယ်။ သိပ်ကောင်းတဲ့ ဖီလင်ပဲဗျာ။ ကျွန်တော် တကယ်ကို ပျော်နေပါတယ်။ ဒီကောင်လေးတွေ ဒီလောက် လုပ်ပြနေတာကို ထပ်ပြီး တောင်းဆိုစရာလည်း မရှိတော့ပါဘူး။
နောက်အပတ် တနင်္ဂနွေနေ့ကလည်း တကယ့် ပွဲကြီးပွဲကောင်း ရှိနေတယ်။ အဲဒီမတိုင်ခင် Prague မှာလည်း ခက်ခဲတဲ့ ပွဲ သွား ကစားရဦးမယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားရမယ်၊ ပြန်ထရပါမယ်။ ” လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။
ဒါဝင်ရဲ့ သွင်းဂိုးဟာ သိပ်ကို ကောင်းခဲ့သလို သူ့ရဲ့ သွင်းဂိုးအတွက် မာကာရဲ့ ဖန်တီးချက်ကလည်း ပြောင်မြောက်ခဲ့တာပါ။ အနိုင်ဂိုးရှင်ကို မေ့သွားရလောက်အောင် မာကာကို ချီးကျူးမှုဟာ ကလော့ပ်က အာဂျင်တီးနားသားရဲ့ ပွဲအတွင်း ဦးဆောင်ပေးမှုကို ဘယ်လောက်ထိ နှစ်သက်ခဲ့သလဲ မြင်သာနေမှာ ဖြစ်ပါတယ်။