ဒါဝင် ကောင်ဆိုးလေးကို သွားမစသင့်ကြောင့် ဖောရက်စ် ပရိသတ်တွေအား ပြန်လည် ခနဲ့သွားတဲ့ နည်းပြကလော့ပ်

ကွင်းထဲကို ဒါဝင် နူးညက်စ် ဝင်ချလာချိန်မှာ ဖောရက်စ် ပရိသတ်တွေက ‘a s**t Andy Carroll’ ဆိုပြီး သံပြိုင် အော်ဟစ်ခဲ့ကြပါတယ်။

၎င်းတို့ဟာ ပွဲချိန်တွင်းမှာ မကြာခဏဆိုသလို ဒါဝင်ကို အန်ဒီ ကာရိုးနဲ့ နှိုင်းယှဉ် လှောင်ပြောင်ခဲ့ကြသေးတာပါ။ ဒါပေမယ့် ပွဲချိန် ၉၉ မိနစ်မှာတော့ ဒါဝင်ကပဲ အနိုင်ဂိုးသွင်းကာ သူ့ကို လှောင်ပြောင်ခဲ့ကြတဲ့ ဖောရက်စ် ပရိသတ်တွေကို အသဲခွဲခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ နည်းပြကလော့ပ်ကတော့ “ ရိုးရိုးသားသား ပြောရရင် ဖောရက်စ် ပရိသတ်တွေနေရာမှာ ကျနော်ဆိုရင် ဒါဝင်ကို လှောင်ပြောင်တဲ့ သံပြိုင်ဟစ်ကြွေးမှုတွေ လုပ်မိမှာ မဟုတ်ပါဘူး။ သူတို့နေရာ ကျနော်ဆိုရင် ဒါဝင် ကောင်ဆိုးလေး သွေးဆူလာအောင် ဘယ်တော့မှ သွားဆွမှာ မဟုတ်ပါဘူး ” လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ဖောရက်စ် ပရိသတ်တွေဟာ တောက်လျှောက်ဆိုသလို ဒါဝင်နဲ့တကွ လီဗာပူးမြို့က အလုပ်လက်မဲ့တွေကိုပါ ဦးတည်တဲ့ ဟားတိုက်မှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ နောက်ဆုံး ရယ်နိုင်သူတွေဟာ လီဗာပူးပရိသတ်တွေ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။