လီဗာပူးတိုက်စစ်မှူးဟောင်း လူးဝစ် ဆွာရက်စ်ကတော့ တနိုင်ငံတည်းသား တိုက်စစ်မှူး ဒါဝင် နူးညက်စ်ဟာ ထိပ်တန်း ခြေစွမ်းတွေ ပြသနေပါပြီလို့ ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။
အင်တာမိုင်ယာမီအသင်းက Orlando City အသင်းကို ၅-၀ နဲ့ အနိုင်ရအပြီး အင်တာဗျူးမှာ လူးဝစ်ဆွာရက်စ်ကပဲ ဒါဝင်နဲ့ ပတ်သက်လို့
‘ သွင်းဂိုးကို (ဖောရက်စ်ပွဲ အနိုင်ဂိုး) ကျနော် မြင်ပါတယ်။ လီဗာပူးအတွက် ပျော်မိသလို ဒါဝင်အတွက်လည်း ပျော်ပါတယ်။ ဒီကနေ့ အချိန်အခါမှာ ဒါဝင် နူးညက်စ်က ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးပဲ ဖြစ်ပါတယ် ‘ ချီးကျူးခဲ့တာဖြစ်ပါတယ်။
Luis Suarez on Nunez’s winner:
“Yes I saw. I am so happy for Liverpool and I am so happy for Darwin. He is one of the best strikers in the world today.” pic.twitter.com/VVLoPEYng0
— The Anfield Talk (@TheAnfieldTalk) March 3, 2024
မနှစ်ကထက် အဆုံးသတ်ပိုင်း ပိုကောင်းလာသလို ယုံကြည်မှု ပိုရှိလာတဲ့ ဒါဝင် နူးညက်စ်ဟာ ဒီရာသီ လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ကိုယ်တိုင် ၁၄ ဂိုး သွင်းကာ ဂိုးထောက်ပံ့မှု ၁၁ ကြိမ် လုပ်ထားပေးပြီ ဖြစ်ပါတယ်။
အနိုင်ဂိုးရှင် ဒါဝင်နဲ့ပတ်သက်လို့ နည်းပြကလော့ပ်ကတော့ “ ရိုးရိုးသားသား ပြောရရင် ကျနော်ဆိုရင် ဒါဝင်ကို လှောင်ပြောင်မိမှာ မဟုတ်ပါဘူး။ သူတို့နေရာ ကျနော်ဆိုရင် ဒါဝင် ကောင်ဆိုးလေး သွေးဆူလာအောင် ဘယ်တော့မှ သွားဆွမှာ မဟုတ်ပါဘူး။
ဒါဝင်ကို လှောင်ပြောင်ကြတာမျိုး သူတို့တွေ မကြာခဏ လုပ်ပေးကြရင်တော့ ကောင်းပါမယ်။ အဲ့တာကပဲ သူ့ကို ပိုတည်ငြိမ်စေပြီး ဒီပွဲမှာလို ဂိုးသွင်းနိုင်တာမျိုး ဖြစ်လာစေပါတယ်။
သူ့ကို လှောင်ပြောင်ကြတာ ဒါဝင် သိမလားဆိုရင် သိမယ်ထင်ပါတယ်။ ဒါကြောင့်လည်း သူဒီလို ဂိုးသွင်း အောင်ပွဲခံခဲ့တာပါပဲ ” လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။