မန်ချက်စတာ ဒါဘီပွဲကို အနိုင်ရခဲ့ခြင်းကြောင့် မန်စီးတီးဟာ လီဗာပူးနောက် ၁ မှတ်အကွာ ဒုတိယနေရာကို ပြန်ရောက်လာခဲ့ပါပြီ။
လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် လီဗာပူးအသင်းဟာ အနီးကပ် ပြိုင်ဘက် မန်စီးတီးကို အိမ်ကွင်း အန်ဖီးမှာ ဧည်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အန်ဖီးကွင်းဟာ ခက်ခဲတဲ့ကွင်းဖြစ်ပြီး မန်စီးတီးအတွက် ဒီထက် ပိုကြီးမားတဲ့ စိန်ခေါ်မှု မရှိနိုင်တော့ကြောင်း ရွိုင်ကိန်းတို့က စကိုင်းစပေါ့ကနေ ဆွေးနွေးပါတယ်။
ဂယ်ရီနဗီးကတော့ လီဗာပူး၊ အာဆင်နယ်တို့က မန်စီးတီးကို အနိုင်ကစားနိုင်စွမ်း ရှိနေပါတယ်ဆိုပြီး ပွဲကြီးတွေအတွက် သွေးပူစေမယ့် သုံးသပ်ချက်တွေ ပြုလုပ်နေပါပြီ။
အန်ဖီးကွင်းမှာ ကစားရမယ့် ပွဲစဉ်အတွက် ဖိုဒန်က စိန်ခေါ်စကား ဒါမှမဟုတ် ပွဲကြိုစကားမျိုး ပြောဆိုလာပြီး သူတို့ နိုင်ပွဲ သိပ်ရလေ့မရှိတဲ့ ကွင်းဆိုပေမယ့် အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။
ပက်ဂွာဒီယိုလာက လီဗာပူးပွဲအရင် ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲကိုပဲ အာရုံစိုက်ထားပါမယ်လို့ ပြောလာပါတယ်။
လီဗာပူးနဲ့ မန်စီးတီးတို့ရဲ့ လက်ကျန် ပွဲစဉ်ဇယားတွေအရ လီဗာပူးအသင်းက အနည်းငယ် ပွဲပိုကျပ်နေပြီး ယူရိုပါလိဂ်ကြောင့် ပွဲလည်း ပိုများဖွယ် ရှိနေပါတယ်။
ဖာမင်နိုကတော့ သူ့ရဲ့ စာအုပ်ထဲမှာ လီဗာပူးပရိသတ်တွေလောက် ချစ်စိတ် ပြင်းထန်ပြီး သစ္စာရှိတဲ့ ပရိသတ်မျိုး ထပ်မရှိနိုင်တော့ဘူးလို့ ရေးသားထားပါတယ်။
ဖောရက်စ်ပွဲမှာ ဒါဝင် နူးညက်စ်ရဲ့ သွင်းဂိုးကို ခွင့်ပြုခြင်းအတွက် အာဆင်နယ် ပရိတ်သတ်တွေက အပြင်းအထန် ဝေဖန်နေကြပါတယ်။ ၎င်းတို့ကတော့ လီဗာပူး ရာသီကုန် ဖလားရသွားရင် ဒိုင်လူကြီး တီရာနေးအား ဆုတံဆိပ် တစ်ခုပေးလိုက်ဖို့ပါ ဝိုင်းပြီး လှောင်ပြောင်နေကြတာပါ။
ဒီရာသီ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်ဖလား အိပ်မက်ကို စတင် မွေးဖွားစေခဲ့သူဟာ နယူးကာဆယ်ကို ၂-၁ နဲ့ အနိုင်ရတဲ့ အဝေးကွင်းမှာ ၂ ဂိုးသွင်းခဲ့တဲ့ ဒါဝင် နူးညက်စ်ပါပဲလို့ ပရိသတ်တွေက ထုတ်ပြောနေကြပါတယ်။
ဘိုင်ယန်မြူးနစ် တိုက်စစ်သမား မူဆီယာလာဟာ စာချူပ်သစ်ချုပ်ဖို့ ငြင်းဆန်ထားကာ အင်္ဂလန်လိဂ်ထံ ပြောင်းလာမယ့် အရိပ်အယောင်တွေ မြင်လာရပါတယ်။