တိုက်စစ်မှူးဆာလာဟာ ယူရိုပါလိဂ်ပွဲကြို အသင်းရဲ့ လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်လာပြီ ဖြစ်ပါတယ်။
အလွန်ဆိုဟာ ဘိုင်ယန်မြူးနစ်ထံ ရောက်သွားဖို့ ပိုမို ရေပန်းစားနေကြောင်း အင်္ဂလန်ပြည်တွင်း သတင်းတွေမှာပါ စတင် ရေးသားလာနေကြပါပြီ။
မိုဆာလာဟာ ကြံ့ခိုင်မှုပိုင်း ပြည့်ဝနေပြီး ဒွန်နဲ့ပတ်သက်လို့တော့ ဂရုတစိုက် ကိုင်တွယ်ရမယ်လို့ နည်းပြကလော့ပ်က အသိပေးပါတယ်။
ဒဏ်ရာရပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အယ်လီဆန်ဟာ သူ့ရဲ့ တိုးတက်မှု အခြေအနေကို လူမှုကွန်ယက်မှာ ဖော်ပြလာခဲ့ပါတယ်။
ဒါဝင်နဲ့ ညီကိုလို ဆက်ဆံရေး တည်ဆောက်ထားတဲ့ မာကာကတော့ အသင်းထံ ရောက်ရှိလာတည်း အစောပိုင်းရက်တွေတည်းက ဒီဆက်နွယ်မှုရှိခဲ့တာလို့ မှတ်ချက်ပေးပါတယ်။
မန်ချက်စတာ ယူနိုက်တက် ကစားသမားနဲ့ နည်းပြဟောင်း ဆိုးရှားက သူဟာ လီဗာပူးပရိသတ်အဖြစ် ကြီးပြင်းလာခဲ့သူလို့ ထုတ်ပြောသွားပါတယ်။ သူ ယူနိုက်တက်နဲ့ လက်မှတ်ထိုးခဲ့စဉ်မှာ လီဗာပူးအသင်း တရားဝင် ပရိသတ်အဖြစ်တောင် မန်ဘာဝင်ထားခဲ့ပြီ ဖြစ်ပါတယ်။
ဒီအပတ်တွေအတွင်း အာဆင်နယ် ပရိသတ်တွေဟာ မန်စီးတီးကို မဟုတ်ဘဲ လီဗာပူးကို ထိုးနှက်မှုနဲ့အတူ လူမှုကွန်ယက်တွေမှာ လေတိုက်ပွဲတွေ ဆင်နွှဲနေပါတယ်။
အသင်းရဲ့ နည်းပြသစ် ဘယ်သူပဲ ဖြစ်လာလာ ကွင်းလယ်လူ သီယေဂိုဟာ ရာသီကုန်ရင် လီဗာပူးအသင်းက ထွက်ခွာဖို့ ရာခိုင်နှုန်းများနေပါတယ်။
အသင်းခေါင်းဆောင်ဟောင်း ဟန်ဒါဆန်ကတော့ လီဗာပူးအသင်းဖော်တွေဟာ သူ့ဘဝတစ်လျှောက် ညီကိုတွေအဖြစ် ဆက်ရှိနေမှာဖြစ်ပြီး ရာသီကုန်ရင် အောင်မြင်မှုတွေ ရကြစေဖို့ ဆုတောင်းပေးပါတယ်လို့ ထုတ်ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ ဒီနွေမှာ ခံစစ်မှူးအပါအဝင် တိုက်စစ်သမားနဲ့ အစွန်လူနေရာတွေကို အားဖြည့်ဖို့ ချိန်ရွယ်နေပါသေးတယ်။