အီဘူး ဒဏ်ရာ အခြေအနေ၊ လေတိုက်နေကြတဲ့ ထရန့်နဲ့ မန်စီးတီး ကစားသမားများ၊ ဆာလာ ပြန်ကစားလာနိုင်ခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဒီကနေ့မှာပဲ လီဗာပူးတာဝန်ရှိသူတွေနဲ့ မိုက်ကယ်အတ်ဝပ်ကြား တရားဝင် စကားပြောမှု စတင်ပြီဖြစ်ပါတယ်။

ချက်ကလပ် စပါတာ ပရာဟာနဲ့ ယှဉ်ပြိုင်ကစားတဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ပထမအကျော့ပွဲကို လီဗာပူးအသင်းက ၅-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

အဖွင့်ဂိုးကို မာကာက သွင်းယူပြီးနောက် ဒါဝင် (၂ ဂိုး)၊ ဒီယက်စ် ၁ ဂိုး၊ ဆိုဘို ၁ ဂိုးတို့ ထပ်သွင်းခဲ့ပါတယ်။ ဘရတ်ဒလေ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့သေးကာ ဆာလာရဲ့ ပိတ်ချက် ဂိုးဝင်ပေမယ့် VAR က ပယ်ချခဲ့ပါတယ်။

အဆိုပါပွဲမှာ သွင်းယူခဲ့တဲ့ ဒါဝင် နူးညက်စ်ရဲ့ ပထမဆုံး သွင်းဂိုးဟာ ကလော့ပ် လက်ထက် လီဗာပူးအသင်းရဲ့ ၁၀၀၀ မြောက် သွင်းဂိုး ဖြစ်ပါတယ်။

ဒါဝင် နူးညက်စ်နဲ့ မာကာအတွဲကို အတိတ်က တောရက်စ်+ဂျရတ် အတွဲနဲ့ အလားတူ နှိုင်းယှဉ် ချီးကျူးမှုတွေ ရှိလာနေပါတယ်။

စပါတာ ပရာဟာနဲ့ပွဲစဉ်မှာ ခံစစ်မှူး ကိုနတေးဟာ ကြွက်သား ဒါမှမဟုတ် ခြေကျင်းဝတ် ထိခိုက်မှုရှိခဲ့ပြီး ကလော့ပ်ကတော့ မပြင်းထန်ကြောင်း အသိပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လူစားဝင်ခဲ့တဲ့ ဘရတ်ဒလေဟာ သူ့ရဲ့ ပထမဆုံး ထိချက်မှာတင် ကိုယ့်ဂိုးကိုယ် သွင်းယူမိသူအဖြစ် မှတ်တမ်းဝင်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ သူတို့ရဲ့ အနာဂတ် နည်းပြအဖြစ် လေဗာကူဆင် နည်းပြဖြစ်သူ အလွန်ဆိုကိုပဲ အတော်လေး အားထည့် ကြိုးစားလာနေပြီဖြစ်ပါတယ်။

ရိုးမားကို ၄-၀ နဲ့ ဂိုးပြတ် အရေးနိမ့်တာကြောင့် ဘရိုက်တန်ဟာ ယူရိုပါလိဂ်မှာ ၁၆ သင်း အဆင့်ကနေ လှည့်ပြန်ရဖို့ များနေပါပြီ။ လီဗာပူးပရိသတ်တွေကြား ဒီဇာဘီ နှစ်သက်နှုန်းလည်း ကျဆင်းလာနေပြီ ဖြစ်ပါတယ်။

လီဗာပူးရတဲ့ ဖလားတွေက မန်စီးတီးရတဲ့ ဖလားတွေထက် ပိုအရသာရှိတယ်လို့ ထရန့်ရဲ့ ပြောဆိုချက်ကို တစ်ရာသီ ဖလား ၃ လုံး အောင်မြင်တာက ရဖူးမှ ခံစားလိုကောင်းမှန်းသိမှာလို့ မန်စီးတီး ကစားသမားတွေဖြစ်တဲ့ ဟာလန်းနဲ့ ဒီယက်စ်တို့က တုန့်ပြန်ပါတယ်။

လီဗာပူးနဲ့ မန်စီးတီးပွဲမှာ ဘယ်အသင်းကို နိုင်စေချင်လဲ မေးခွန်းအတွက် အဖြေပေးဖို့ အာဆင်နယ်နည်းပြ အာတီတာက ငြင်းဆန်ခဲ့ပါတယ်။