NEWS: လီဗာပူး ပိုင်ရှင်အဖွဲ့ FSG နဲ့ မိုက်ကယ်အတ်ဝပ်တို့ ဆွေးနွေးမှု စတင်။

လီဗာပူးအသင်း အားကစားဒါရိုက်တာဟောင်း မိုက်ကယ်အတ်ဝပ်ဟာ FSG အဖွဲ့နဲ့ စကားပြောမှု စတင်နေပြီဖြစ်ကာ ရာထူးကြီး တစ်ခုအတွက် ညိနှိုင်းမှု ပြုလုပ်လာခြင်းလည်း ဖြစ်ပါတယ်။

မိုက်ကယ်အတ်ဝပ်ဟာ လီဗာပူးအသင်းရဲ့ ဘောလုံးဆိုင်ရာ အော်ပရေးရှင်းတွေကို အပြည့်အဝ ထိန်းချုပ်ခွင့်ရမယ့် အကြီးတန်း ရာထူး တစ်ခုကို အလိုရှိနေတာဖြစ်ပါတယ်။ ၂၀၁၆ ကနေ ၂၀၂၂ ခုနှစ်ထိ လီဗာပူးမှာ တာဝန်ယူခဲ့တဲ့ ရာထူးဟောင်းနဲ့ဆိုရင် အတ်ဝပ်က ပြန်လာမှာ မဟုတ်ကြောင်း အကြိမ်ကြိမ် ငြင်းဆန်ထားခဲ့ပါပြီ။

တနင်္ဂနွေနေ့ကစလို့ အတ်ဝပ်ဟာ ဘော့စတွန်မှာ အသင်းပိုင်ရှင် ဂျွန်ဟင်နရီ၊ FSG ဥက္ကဋ္ဌ မိုက်ဂေါ်ဒန်တို့နဲ့ မျက်နှာခြင်းဆိုင် ဆွေးနွေးစကားပြောနေပါတယ်။ FSG နဲ့ အတ်ဝပ်တို့ ဘယ်လို ရာထူးမျိုးအတွက် စကားပြောကြမယ် ဆိုတာတော့ မရှင်းလင်းသေးပါဘူး။

အခုလို စကားပြောမှု စတင်ခြင်းဟာ မတ်လအကုန်မှာ အားကစားဒါရိုက်တာသစ် ခန့်အပ်ဖို့ စီစဉ်နေတဲ့ လီဗာပူးအသင်းရဲ့ ပထမဆုံး ခြေလှမ်းဖြစ်ပါတယ်။ အတ်ဝပ်ဘက်က သဘောတူညီရင် သူ့ကို အကြီးတန်းရာထူး ပေးအပ်ကာ စိတ်ကြိုက် အားကစားဒါရိုက်တာကို ရွေးချယ်ခွင့်ပေးမှာဖြစ်ပါတယ်။

အတ်ဝပ်နဲ့ သူ ရွေးချယ်မယ့် အားကစားဒါရိုက်တာတို့ဟာ ကလော့ပ်နေရာ ဆက်ခံမယ့် လီဗာပူးနည်းပြအဖွဲကို ဒေတာအဖွဲ့နဲ့ပူးပေါင်း ရွေးချယ်တာမျိုး ပြုလုပ်လာနိုင်ပါတယ်။

၂၀၂၄-၂၀၂၅ ဘောလုံးရာသီကစလို့ လီဗာပူးအသင်းဟာ ထိပ်တန်း အကြီးတန်းအရာရှိ တစ်ဦး၊ အားကစားဒါရိုက်တာသစ် တစ်ဦးနဲ့ နည်းပြအဖွဲ့သစ်ကို ဦးဆောင်မယ့် မန်နေဂျာတို့ကို အင်အားဖြည့်ဖို့ လျာထားတာ ဖြစ်ပါတယ်။