ဒီအပတ် မန်စီးတီးပွဲမှာ အီဘူး ပါဝင်မယ်လို့ နည်းပြကလော့ပ်က အသေအချာ အာမခံချက် မပေးနိုင်ခဲ့ပါဘူး။ ဂိုးမက်စ်ကတော့ အဆင်ပြေမှာဖြစ်ပါတယ်။
မန်စီးတီးဖလားထက် လီဗာပူးဖလားက ပိုကောင်းတယ်လို့ ဆိုခဲ့တဲ့ ထရန့် အမြန် သက်သာလာပါစေ ဆုတောင်းပေးတယ်လို့ ဂွာဒီယိုလာက ပြောပါတယ်။
ဒီရာသီ မန်စီးတီးရဲ့ အဓိက ပြိုင်ဘက်ဟာ လီဗာပူး မဟုတ်ဘဲ အာဆင်နယ်ပါလို့ ဂွာဒီယိုလာက ရွေးချယ်သွားပါတယ်။
မိုက်ကယ်အတ်ဝပ်ဟာ လီဗာပူးအသင်းထံ Director of Football Operations ဆိုတဲ့ ရာထူးကြီး တစ်ခုဖြင့် ပြန်ရောက်လာတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ရာထူးဟာ အားကစားဒါရိုက်တာရဲ့ အထက်မှာ ရှိပါလိမ့်မယ်။
လီဗာပူးအသင်းဟာ ဒီလအကုန်မှာတော့ ဘုန်းမောက်ကနေ ထွက်ခွာမယ်လို့ ကြေညာထားတဲ့ ရစ်ချက်ဟုချ်ကို အားကစားဒါရိုက်တာသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာမှာဖြစ်ပါတယ်။
ဇာဗီအလွန်ဆိုဟာ ကလပ်ရဲ့ နံပါတ် တစ် ပစ်မှတ်အဖြစ် လီဗာပူးအသင်းက သိသိသာသာ ဦးစားပေးလာနေပြီဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ နံပါတ် နှစ် ပစ်မှတ်ကတော့ စပို့တင်းမှ အာမိုရင်းဖြစ်ဖွယ်ရှိပြီး ကလပ်ဘက်က ပေါ်တူဂီသားကို ဒီဇာဘီ၊ နာဂယ်စမန်းတို့ထက် ပိုသဘောကျပါတယ်။
ဖေဖော်ဝါရီလအတွက် လီဗာပူးအသင်း တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဗန်ဒိုက်က ရရှိခဲ့ပြီး အကောင်းဆုံးဂိုးအဖြစ်တော့ ဒါဝင်ရဲ့ ကျော်ချသွင်းဂိုးဖြစ်ပါတယ်။ စိတ်မကောင်းစရာက ပရီးမီးယားလိဂ် အကောင်းဆုံးဂိုးအဖြစ်တော့ လွဲချော်သွားပါတယ်။
ဒီလထဲ ယှဉ်ပြိုင်ကစားမယ့် အန်ဖီးဂန္တဝင်ပွဲမှာ စတီဗင်ဂျရတ်လည်း ပါဝင်ကစားမှာဖြစ်ပါတယ်။
ဂွာဒီယိုလာကတော့ ကလော့ပ်နဲ့ နောက်ဆုံး ယှဉ်ပြိုင်ရမှာကို ဂုဏ်ယူကြောင်း ပြောဆိုခဲ့သလို အက်ဖ်အေပွဲမှာလည်း ထပ်တွေ့နိုင်ပါတယ်လို့ တုန့်ပြန်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ အလွန်ဆိုကို ခေါ်ယူဖို့မှာ ထင်ထားသလောက် ရေပန်းမစားကြောင်း နားလည်လာတဲ့နောက် ဒီဇာဘီကို ပြောင်းလဲ ချိန်ရွယ်လာပါတယ်။
နာဂယ်စမန်းကို လီဗာပူးဘက်က စောင့်ကြည့်ထားပေမယ့် သူဟာ ယူနိုက်တက်ထံ ရောက်ရှိသွားနိုင်ချေလည်း ရှိနေပါတယ်။