ဆက်နေမယ်ဆိုတဲ့ ဆာလာ၊ လီဗာပူး vs မန်စီးတီး ပွဲကြို ထူးခြားကိစ္စတွေနဲ့ နံနက်ခင်း လီဗာပူးသတင်းများ

အာဆင်နယ်အသင်းက ဘရန့်ဖိုဒ့်ကို ၂-၁ ဖြင့် အနိုင်ရခဲ့တာကြောင့် ဒီကနေ့ပွဲမတိုင်ခင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ယာယီ ဦးဆောင်နေပြီ ဖြစ်ပါတယ်။

ဘရန့်ဖိုဒ့် နည်းပြ သောမက်စ် ဖရန့်ကတော့ အာဆင်နယ်ကို ဒိုင်ကူခဲ့ကြောင်းနဲ့ အနိုင်ဂိုးရှင် ဟာဗက်ဇ်ဟာ ကွင်းထဲက အနီကတ်ဖြင့် ထုတ်ခံရသင့်တာလို့ ဝေဖန်ခဲ့ပါတယ်။ အရင်အပတ်တုန်းက အာဆင်နယ်ပရိသတ်တွေဟာ လီဗာပူးက ဖောရက်စ်ကို ဒိုင်ကယ်လို့ နိုင်သွားတာလို့ ပြင်းထန်စွာ ဝေဖန်ခဲ့ကြသေးတာ ဖြစ်ပါတယ်။

ဒီကနေ့ည လီဗာပူး vs မန်စီးတီးပွဲဟာ ပြင်းထန်လာဖို့ ရှိတာကြောင့် ပရီးမီးယားလိဂ်ဟာ မာဆေးဆိုဒ် ရဲအရာရှိတွေနဲ့အတူ အထူး လုံခြုံရေးတွေ ချသွားဖို့ ရှိပါတယ်။

လီဗာပူးအသင်းနဲ့ မိုက်ကယ်အတ်ဝပ်ကြား သဘောတူညီမှုဟာ နောက်ဆုံးအဆင့်ထံ ရောက်ရှိနေပြီဖြစ်ကာ မကြာခင်မှာ တရားဝင် ကြေညာမှုတွေ ထွက်ပေါ်လာတော့မှာပါ။

လီဗာပူး vs မန်စီးတီး ထိပ်တိုက်တွေ့မှုဟာ ကလပ်နှစ်သင်းကြား အားပြိုင်မှုထက် မန်နေဂျာ နှစ်ဦးကြား အားပြိုင်မှု ပုံစံမှာပဲ ရှိနေသေးကာ လီဗာပူး vs ယူနိုက်တက် ထိပ်တိုက်တွေ့မှုလို ပြိုင်ဆိုင်မှုမျိုး မခံစားရဘူးဆိုတဲ့ မှတ်ချက်မျိုးတွေ ရှိနေပါတယ်။

ဒီနေ့ပွဲမှာ လီဗာပူးနိုင်ရင် ဇယားထိပ်ကို ပြန်တက်နိုင်ပြီး အာဆင်နယ်ကို ၂ မှတ်ဖြတ်နိုင်ပါမယ်၊ မန်စီးတီးကိုတော့ ၄ မှတ်ထိ ဖြတ်နိုင်ပါမယ်။

ဒီနေ့ပွဲကို သရေကျရင် အာဆင်နယ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်အကွာနဲ့ ဒုတိယနေရာမှာ ရှိနေမှာဖြစ်ပါတယ်။ ဒီပွဲကို ရှုံးခဲ့ရင်တော့ အာဆင်နယ်နဲ့ ၂ မှတ်အကွာ မန်စီးတီးနဲ့ ၁ မှတ်အကွာ တတိယနေရာကို ဆင်းပေးရပါမယ်။

နိုင်ငံတကာသီတင်းပတ်မှာ အီဂျစ်အသင်းဟာ မိုဆာလာကို လက်ရွေးစင်အတွက် ခေါ်ယူသွားမှာ မဟုတ်ဘဲ အနားပေးသွားမယ်လို့ သတင်းထွက်နေပါတယ်။

အနာဂတ်မှာ သူလည်း လီဗာပူးကနေ ထွက်ခွာသွားရမှာပဲဖြစ်ပေမယ့် ကလော့ပ် ထွက်တာကြောင့်တော့ အသင်းကို စွန့်ခွာသွားမှာ မဟုတ်ဘူးလို့ ဆာလာက ပြောလာပါတယ်။

ပရီးမီးယားလိဂ်တန်းတက်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ ဟူးစီးတီးဟာ ဇယားထိပ်က လက်စတာကို ၂-၂ ရလဒ် ထွက်ပေါ်အောင် ကြိုးစားနိုင်ခဲ့ပါတယ်။ အဆိုပါပွဲ အဖွင့်ဂိုးကို ကာဗာရိုက သွင်းယူခဲ့တာ ဖြစ်ပါတယ်။

လာမယ့်ရာသီ လီဗာပူးအိမ်ကွင်းဂျာစီဟာ အနီရောင်နဲ့ ရွှေရောင်တွေ ပေါင်းစပ်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ ဂိုးသမားဂျာစီကတော့ အနက်ရောင် အသားပေးသွားမှာပါ။