ဒီနွေမှာ ယာဂင်ကလောပ့် ထွက်ခွာခြင်းဟာ သူ့ရဲ့ အနာဂတ်အပေါ် သက်ရောက်မှု မရှိပါဘူးလို့ တိုက်စစ်မှူး ဆာလာက ထုတ်ပြောလာပါတယ်။
ဆာလာ၊ ဗန်ဒိုက်တို့ဟာ လီဗာပူးအသင်းမှာ ၂၀၂၅ ခုနှစ်ထိပဲ စာချုပ်ရှိတာမို့ ဒီနွေမှာ သူတို့ နှစ်ဦးရဲ့ အနာဂတ်ကို အသင်းဘက်က ဆုံးဖြတ်ရတော့မှာပါ။ သက်တမ်းမတိုးခဲ့ဘူးဆိုရင် ဒီနွေဟာ ရောင်းထုတ်ဖို့ ကြိုးစားရမယ့် အခိုက်အတန့် ဖြစ်ပါတယ်။
ဂျင်မီကာရေဂါနဲ့ စကိုင်းစပေါ့ကနေ စကားပြောရာမှာ ကလော့ပ်ထွက်ခွာခြင်းဟာ သူ့ရဲ့ အနာဂတ်အပေါ် သက်ရောက်မှုရှိမလား မေးခွန်းကို ဆာလာကတော့ “ မရှိပါဘူး၊ မရှိပါဘူး ” လို့ တုန့်ပြန်ပါတယ်။
သူက ဆက်ပြီး ပြောရာမှာ “ ဒါက ဘဝပါပဲ။ အခုချိန်မှာ ဒါက ဘဝရဲ့ အစိတ်အပိုင်းပါ။ အရာအားလုံးက ပြောင်းလဲနေပါတယ်။
အရင်ကလည်း အသင်းကနေ ထွက်သွားတဲ့ ကစားသမားတွေ ရှိခဲ့ပြီးပါပြီ။ အရမ်းကို အရေးကြီးတဲ့ ကစားသမားတွေ အသင်းကနေ ထွက်ခွာသွားကြတယ်။ ကလပ်အတွက် မန်နေဂျာကလော့ပ်ကလည်း အရေးကြီးပေမယ့် သူလည်း ထွက်သွားပါတော့မယ်။
တရက်ကျရင် ကျနော်လည်း အသင်းကနေ ထွက်သွားဦးမှာပါ။ ဒါပေမယ့် ကလော့ပ် ထွက်ခွာတာက ကျနော်ရဲ့ အနာဂတ်အပေါ် သက်ရောက်မှု မရှိပါဘူး ” လို့ ဖြစ်ပါတယ်။
အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူ့မှ ကြိုမပြောနိုင်ပါဘူး။ မိုဆာလာကို ဆော်ဒီဘက်က အလိုရှိနေတာကလည်း လူတိုင်းသိတဲ့ ကိစ္စဖြစ်သလို မိုကိုယ်တိုင်က ဥရောပမှာပဲ ဆက်ကစားလိုနေတာကလည်း အားလုံးသိထားကြတာ ဖြစ်ပါတယ်။