လီဗာပူးကို ပင်နယ်တီ မပေးဖို့ ဆုံးဖြတ်မှုမှာ VAR ဒိုင်က ကွင်းလယ်ဒိုင် အိုလီဗာကို ဘာပြောခဲ့တာလဲ

လီဗာပူး vs မန်စီးတီးပွဲအတွင်း ပွဲချိန် ၉၈ မိနစ်မှာ ဖြစ်ခဲ့တဲ့ မာကာကို ဒိုကူ ခြေဖြင့် အဝင်ကြမ်းခဲ့တဲ့ ဖြစ်ရပ်ဟာ ပင်နယ်တီပေးဖို့ တားဆီးခံခဲ့ရပါတယ်။

ဘောလုံးဟာ မာကာနဲ့ အရင်ထိခဲ့ပြီးမှ ခြေထောက်မြောက် ဝင်လာတဲ့ ဒိုကူရဲ့ ကန်ချက်ကိုပါ နောက်ဆက်တွဲ ရင်ဆိုင်ခဲ့ရတာပါ။ အိုလီဗာက ပင်နယ်တီ ပေးဖို့ကို ငြင်းဆန်ခဲ့ပြီး ပွဲကို ဆက်ကစားနေစေရာ အားလုံးက VAR ထံက စစ်ဆေးချက်ကို စောင့်မျှော်ခဲ့ကြပါတယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ ပယ်ဖျက်ခံခဲ့ရတယ်။

စက္ကန့် ၂၀ အတွင်းမှာ အိုလီဗာက VAR ဟာ ဒီဖြစ်ရပ်အတွက် ပင်နယ်တီ မပေးပါဘူးလို့ ဖြေရှင်းခဲ့ပြီး ဆက်ကစားလို့ ခဏအကြာမှာ သရေရလဒ်ဖြင့်ပဲ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။

စကိုင်းစပေါ့ အစီအစဉ် ကြေညာသူ Peter Drury ရဲ့ အဆိုအရ VAR ဒိုင်ဖြစ်တဲ့ Attwell က ကွင်းလယ်ဒိုင် အိုလီဗာအား ဒိုကူရဲ့ ပြစ်ဒဏ် ကျူးလွန်မှုဟာ “ကျိုးကြောင်းဆီလျော်” တဲ့ နေရာမှာ ရှိနေတာကြောင့် ပင်နယ်တီ မပေးဖို့ ဆုံးဖြတ်ကြောင်း သိရပါတယ်။

ပွဲအပြီး နည်းပြကလော့ပ်ကတော့ ‘ သူတို့ (အိုလီဗာ) က ဒိုကူ ဘောလုံးကို ထိခဲ့ပါတယ် ပြောတယ်။ ဒါပေမယ့် သူ ဒီလောက် ခြေထောက်မြှောက်နေမှတော့ ထိမှာပေါ့။ အဲ့နေရာမှာ ဘောလုံးမရှိရင် ဒိုကူက မာကာကို သတ်မိတော့မလို့။ သူလုပ်စရာမှ မရှိတော့တာ။

ကမ္ဘာပေါ်က ဘယ်ဘောလုံး ပရိသတ် သွားမေးမေး ဒါက ပင်နယ်တီပဲ။ ပင်နယ်တီ မဟုတ်ဘူးလို့ ပြောမှာ ဘောလုံးအကြောင်း နားမလည်တဲ့သူလောက်ပဲ ရှိမယ် ’ လို့ တုန့်ပြန်သွားခဲ့ပါတယ်။