ဒီယက်ဇ်နဲ့ ပီအက်စ်ဂျီ၊ မူဆီယာလာကို ပြန်ချိန်နေခြင်း၊ ရာထူးမှာ ဆက်နေဖို့ အတ်ဝပ်နဲ့ စကားမပြောထားတဲ့ ကလော့ပ်နဲ့ နံနက်ခင်း လီဗာပူးသတင်းများ

လီဗာပူးခံစစ်သမား ဂိုးမက်စ်ဟာ ၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်အသင်း လူစာရင်းမှာ ပြန်လည်ပါဝင်လာပါတယ်။

မိုဆာလာဟာ ကြံ့ခိုင်မှု ပြန်ကောင်းလာနေပေမယ့် စပါတာနဲ့ ယူရိုပါလိဂ်ပွဲမှာ မိနစ် ၉၀ အပြည့် ကစားခွင့်ရဖွယ် မရှိပါဘူ။

ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ဟာ လီဗာပူးအသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဝင်ခဲ့ပါပြီ။

မိုက်ကယ်အတ်ဝပ် ပြန်ရောက်လာပေမယ့် လီဗာပူးမှာ ဆက်နေဖို့ စကားပြောမှာ မဟုတ်ကြောင်း ရာသီကုန်ရင် အသင်းကနေ ထွက်ခွာသွားမယ့် နည်းပြကလော့ပ်က ပြောပါတယ်။

နော်တင်ဟမ် ဖောရက်စ်ပွဲမှာ ပြိုင်ဘက် ဂိုးသမားနဲ့ ထိခိုက်ခဲ့ဖူးတဲ့ ဂျေဒန်ဒန့်စ်ဟာ အသင်းရဲ့ လေ့ကျင့်ရေးတွေမှာ မပါနိုင်ခဲ့ပါဘူး။

ကစားသမားတွေနဲ့ပတ်သက်လာရင် အတ်ဝပ်နဲ့ ခြားနားတဲ့အမြင် ရှိခဲ့ပေမယ့်လို့ လပ်တော့သမားလို့ နာမည်ရခဲ့တဲ့ သူ့ကို ပြန်ခေါ်လိုက်တာဟာ အသင်းအတွက် ထိပ်တန်း အားဖြည့်မှုအဖြစ် ကလော့ပ်က ညွှန်းဆိုပါတယ်။

ပြင်သစ်သတင်းတွေမှာတော့ ပီအက်စ်ဂျီဟာ လီဗာပူး တိုက်စစ်သမား လူးဝစ် ဒီယက်ဇ်ကို အတော်လေး စိတ်ဝင်စားနေကြောင်း ဆက်တိုက် ဖော်ပြနေကြပါတယ်။

လီဗာပူးအသင်းဟာ ဒီယက်ဇ်အတွက် ယူရို သန်း ၁၂၀-၁၄၀ ကြားရမှ ရောင်းချမယ်လို့ ကစားသမားရဲ့ အေးဂျင့်က ဒီအပတ်ထဲ ပြောဆိုထားပါတယ်။

လီဗာပူးအသင်းဟာ ဘွန်ဒက်လီဂါကလပ် ဟော့ဖန်ဟိန်းအသင်းမှ အသက် ၂၁ နှစ်အရွယ် တိုက်စစ်သမား Maximilian Beier ကို သဘောကျမှု ရှိနေပါတယ်။ ဒီရာသီ ၁၂ ဂိုးသွင်းပြီး ၅ ကြိမ် ဂိုးထောက်ပံ့ထားတဲ့ တိုက်စစ်သမားမှာ ယူရို ၃၂.၅ သန်းပါ ခေါ်ယူခွင့် ပါရှိပါတယ်။

လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ်နဲ့ မူဆီယာလာတို့ရဲ့ စာချုပ် အခြေအနေကို စောင့်ကြည့်နေပါတယ်။ အသင်းဟာ တိုက်စစ်ပိုင်း အပြောင်းအလဲ အချို့ ပြုလုပ်နိုင်ကြောင်း သတင်းတွေ ထွက်ပေါ်ထားကာ မူဆီယာလာကို ခေါ်ယူလိုရင်တော့ မန်စီးတီး၊ ချယ်ဆီးတို့နဲ့ ပြိုင်ဆိုင်ရပါမယ်။

သတင်းထောက် Sacha Tavolieri ကတော့ ဖရန့်ဖတ် ခံစစ်သမား William Pancho ကို ပစ်မှတ်ထားနေတာ လန်ဒန်ကလပ်တွေဖြစ်ကာ လီဗာပူး မပါဝင်ဘူးလို့ ဆိုလာပါတယ်။