

မိုဆာလာဟာ ၂၁ ရာစု ကစားသမားတွေထဲမှာ တစ်ရာသီအတွင်း သွင်းဂိုး ၂၀ နဲ့ ဂိုးထောက်ပံ့မှု ၁၀ ကြိမ် အထက်ကို ၇ ရာသီ ဆက်တိုက် လုပ်နိုင်တဲ့ ထိပ်တန်း အကျော်အမော်တွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။
ဆာလာထက် ပိုလုပ်ပြထားနိုင်တာဆိုလို မက်ဆီ (၁၃ ရာသီ)၊ ဆွာရက်စ် (၉ ရာသီ)၊ ရော်နယ်ဒို (၉ ရာသီ) တို့ပဲ ရှိပါတော့တယ်။
လူငယ်တိုက်စစ်သမား ဂျေဒန်ဒန့်စ့်ကို လီဗာပူးအသင်းက ကာလရှည် သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပါပြီ။
လေဗာကူဆင်နည်းပြ အလွန်ဆိုကတော့ ဒီရာသီ ယူရိုပါလိဂ်ဖလားကို အနိုင်ရဖို့ရာ ရေပန်းအစားဆုံး အသင်းက လီဗာပူးပါလို့ မှတ်ချက်ပေးပါတယ်။
ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပွဲစဉ်ဇယား ထွက်ပေါ်လာချိန်မှာ ဧပြီလအတွင်း လီဗာပူးအသင်းဟာ ပြိုင်ဘက် အာဆင်နယ်၊ မန်စီးတီးတို့ထက် ပိုမို လွယ်ကူတဲ့ ပွဲစဉ်ဇယားမျိုး ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်။
လီဗာပူးကစားသမားတွေဖြစ်တဲ့ ဂျိုတာ၊ ထရန့်၊ ဘာ့ဂျ်ဆီတစ်နဲ့ ဂျုံးတို့ဟာ နိုင်ငံတကာ သီတင်းပတ်ပြီးရင် ပြန်သက်သာလာကြတော့မှာ ဖြစ်ပါတယ်။
စပါတာကို ၆-၁ အနိုင်ရတဲ့ပွဲမှာ ထိခိုက်မိတဲ့ ဘော်ဘီကလက်ရဲ့ အခြေအနေက ကောင်းမွန်တယ်လို့ သိရပါတယ်။
ဖာနန်ဒို တောရက်စ် တစ်ယောက် ထရန့်ရဲ့ ဂျာစီကို ဝတ်ဆင်ပြီး ဘောက်ဆင်ထိုးနေတဲ့ ဗီဒီယို ထွက်ပေါ်လာခဲ့ကာ ပရိသတ်တွေကတော့ ယခင်က ခြေစွမ်းပဲထက်ခဲ့တဲ့ တောရက်စ် အခုချိန်မှာ လက်စွမ်းပါ ထက်နေပြီလို့ မှတ်ချက်ပေးကြပါတယ်။
Fernando Torres doing some boxing training in a Trent shirt! pic.twitter.com/iiSMz19m1c
— The Anfield Talk (@TheAnfieldTalk) March 15, 2024
ကွမ်းဆက်၊ ဟာဗေးနဲ့ မော်တန်တို့ဟာ အင်္ဂလန် ယူ-၂၁ အသင်းအတွက် ရွေးချယ်ခံခဲ့ရပါတယ်။
ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ကမ်မစ်ကို ခေါ်ယူဖို့ရာ လီဗာပူးအသင်းက ရေပန်းအစားဆုံး ဖြစ်လာနေပါတယ်။
ဝုဗ်အသင်း ခံစစ်သမား နိုရီနဲ့ တိုက်စစ်သမား နက်တို တို့ဟာ လီဗာပူးအသင်းနဲ့ အပြောင်းအရွှေ့ သတင်းကြီးတွေ စတင် ထွက်ပေါ်နေပါတယ်။