

ဒီနေ့ည အက်ဖ်အေဖလားပွဲမှာ ယူနိုက်တက်ဘက်က ကာဆီမီရို မပါနိုင်ဘဲ မေဆန်မောင့်တော့ ပါဝင်နိုင်မယ်လို့ သိရပါတယ်။
လီဗာပူးအသင်းဟာ အိုးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားရတဲ့ အက်ဖ်အေဖလားပွဲတွေကို အနိုင်မရတာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။
ယာဂင်ကလော့ပ်က အင်္ဂလန်ကို သူရောက်လာချိန်မှာ ယူနိုက်တက်ကို ပြိုင်ဆိုင်ဖို့ထက် အခြားသော ဖလားစိန်ခေါ်ဘက် အနီးကပ် ပြိုင်ဘက်တွေနဲ့ပဲ ယှဉ်ပြိုင်နေရတာမို့ လီဗာပူး-ယူနိုက်တက် ပြိုင်ဆိုင်မှုအပေါ် အရမ်းကြီး အာရုံ မစိုက်နိုင်ခဲ့ဘးလို့ ပြောပါတယ်။
ဒီနွေမှာ လီဗာပူးက ကိုင်ဆီဒို အပါအဝင် လူငယ်တွေကို ဦးစားပေး ခေါ်ယူဖို့ ကြိုးစားနေကြောင်းနဲ့ အသင်းဘက်က သူ့ကို ချိတ်ဆက်ချိန်မှာတော့ ဒါဟာ ဘဝတစ်ခုလုံး စောင့်ဆိုင်းနေတဲ့ အခွင့်အရေး အဖြစ် ရှုမြင်ခဲ့ကြောင်း အန်ဒိုက ပြောပါတယ်။
ကာတစ်ဂျုံး အနေနဲ့ ဒဏ်ရာ ရမနေဘူးဆိုရင် အင်္ဂလန်လူစာရင်းထဲ ပါဝင်နိုင်မယ့်သူလို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။
ပရီးမီးယားလိဂ်မှာတော့ ဘောလုံးအသင်းပွဲကို တစ်ပွဲတစ်လေ ကြည့်ဖို့ ကွင်းထဲ ပိုက်ဆံပေးပြီး ဝင်လာတဲ့ နိုင်ငံတကာက ပရိသတ်တွေကို “plastic fan” လို့ ဝေဖန်ချက်တွေ ကျယ်ပြန့်နေပါတယ်။
FSG အဖွဲ့က ဘင်ဖီကာ နည်းစနစ်ဒါရိုက်တာ Pedro Marques ကို သူတို့အဖွဲ့အတွက် ခေါ်ယူသွားဖို့ ကြိုးစားနေပါတယ်။
နွေအပြောင်းအရွှေ့မှာ လီဗာပူးအသင်းက ကစားသမားသစ် ၂ ဦး ခေါ်ယူလိမ့်မယ်လို့ ရိုမန်နိုက ပြောပါတယ်။
နိုင်ငံတကာသီတင်းပတ်မှာ ပပ်လင်ဒါးရဲ့ အေးဂျင့်ဟာ အေဂျက်အသင်းနဲ့ စကားပြောမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းကလည်း နယူးကာဆယ်ကွင်းလယ်လူ ဂွီးမားရက်စ်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲက တစ်သင်း ဖြစ်ပါတယ်။