တိုက်စစ်မှူး ဒါဝင် နူးညက်စ်ဟာ နိုင်ငံတကာ သီတင်းပတ်မှာ ကစားရမယ့် ဥရုဂွေးအသင်း ပွဲစဉ်တွေကနေ နှုတ်ထွက်လိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲအပြီးမှာ ဒါဝင်ဟာ တံကောက်ကြောမှာ မသက်မသာ ခံစားနေရတယ်လို့ သိထားရပြီး စွန့်စားမှု မလုပ်လိုကြတာကြောင့် အခုလို နှုတ်ထွက်လိုက်တာ ဖြစ်နိုင်ပါတယ်။
ဒဏ်ရာကြောင့် လီဗာပူးအသင်းရဲ့ နောက်ဆုံး ပွဲစဉ်တွေကို လွဲချော်နေခဲ့တဲ့ ကိုနတေးဟာ ပြင်သစ်အသင်းနဲ့ ပြန်လည် ပူးပေါင်းခဲ့ပါပြီ။
ဒဏ်ရာ အသေးစားကိစ္စတွေ ရှိထားတဲ့ ဒီယက်ဇ်နဲ့ ဂက်ပိုတို့ဟာ သက်ဆိုင်ရာ လက်ရွေးစင် အသင်းတွေထံ ပူးပေါင်းမှု လုပ်ခဲ့ကြပါတယ်။
အိုးထရတ်ဖိုဒ့်မှာ Hillsborough ဖြစ်ရပ်ကို လှောင်ပြောင် သရော်တဲ့ ယူနိုက်တက်ပရိသတ် ၄ ဦးကို မန်ချက်စတာရဲအဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
လီဗာပူးပရိသတ် တစ်ဦးကလည်း ဝှီချဲနဲ့ ထိုင်နေတဲ့ ယူနိုက်တက် ပရိသတ်ဘက်ခြမ်းကို မီးတောက်နဲ့ ကောက်ပစ်ခဲ့တာကြောင့် ရဲအဖမ်းခံထားရပါတယ်။
ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တာအတွက် ကိုယ့်ဘာသာပဲ အပြစ်တင်ရမှာဖြစ်ကြောင်း ဗန်ဒိုက်က ဝန်ခံစကား ပြောဆိုပါတယ်။
နည်းပြဆောက်ဂိတ်က ယူရို ၂၀၂၄ အတွင်း ထရန့်ကို ကွင်းလယ်မှာပဲ အသုံးပြုဖွယ် ရှိနေတယ်လို့ သိရပါတယ်။
လီဗာပူးအသင်းဟာ ယူရို သန်း ၅၀ ဝန်းကျင် စျေးပေါက်နေတဲ့ ပီအက်စ်ဗီ တိုက်စစ်မှူး ဘာကာယိုအား အတော်လေး သဘောကျနေပါတယ်။
🚨🆕 News #Kimmich: FC Bayern are indeed prepared to sell Kimmich this summer if a suitable offer comes in. Additionally, JK is not ruling out a move, and he is open to discussions with potential buyers!
Still no concrete talks about a new contract beyond 2025.
⚠️ Only five… pic.twitter.com/t0uAN8r8YS
— Florian Plettenberg (@Plettigoal) March 18, 2024
ကင်မစ်အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ပေးဖို့ ဘိုင်ယန်မြူးနစ်ဘက်က စဉ်းစားထားပြီး အင်္ဂလန်ကလပ်တွေထဲ လီဗာပူးနဲ့ အာဆင်နယ်က စကားပြောမှု စတင်မယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ်ကလပ် နော်တင်ဟမ် ဖောရက်စ်အသင်းဟာ ဘဏ္ဍာရေး ပြဿနာကြောင့် ၄ မှတ်လျော့ ပြစ်ဒဏ်ကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။