လီဗာပူးက မက်အယ်လစ္စတာကို ခေါ်ကို ခေါ်သင့်တဲ့ အကြောင်းရင်းအား ဂျင်မီ ရက်နက် ပြောပြလာပါပြီ

ဂျေမီ ရက်နက်က လီဗာပူးနဲ့ သတင်းကြီးနေတဲ့ ဘရိုက်တန် ကွင်းလယ်လူ အယ်လစ်စတာရဲ့ ကောင်းကွက်ကို ဖော်ထုတ် ချီးကျူးမှုတစ်ခု ပြုလုပ်လာခဲ့ပြီ။

မက်အယ်လစ်စတာဟာ ဒီနွေမှာ လီဗာပူးအသင်း ခေါ်ယူမယ့် အဓိက ပစ်မှတ်အဖြစ် သတင်းကြီးနေတာပါ။ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူဟာ ပရီးမီးယားလိဂ်မှာ အသားကျနေတဲ့ ကစားသမားဖြစ်ပြီး ကွင်းလယ် နေရာစုံ ကစားနိုင်သူပဲ ဖြစ်ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဟောင်းကတော့ အယ်လစ်စတာဟာ စိတ်ဓါတ်ကောင်းသူ၊ ကြံ့ခိုင်ရေးကောင်းသူ ဆိုတဲ့ အချက်ကို အခုလို ထောက်ပြခဲ့ပါတယ်။

” ကစားသမားတွေကို ကလပ်တွေဘက်က ခေါ်လိုခြင်းမှာ အကြောင်းအရင်တွေ ရှိတာပေါ့လေ။ တခါတလေ သူတို့ရဲ့ အရည်အချင်းကြောင့်တင် မဟုတ်ဘဲ လူသားဆန်မှုကြောင့်ပေါ့။ လေ့ကျင့်ရေး အဖွဲ့သားကောင်းဖြစ်လို့၊ လှုပ်အားနှုန်းကောင်းလို့ စတဲ့ အချက်တွေကြောင့် သူက စတားတစ်ယောက် ဖြစ်နေတာပေါ့။

အယ်လစ်စတာက ကစားသမားကောင်းဖြစ်သလို ကြိုးစားမှု ပြင်းထန်သူပါ။ ကမ္ဘာ့ဖလား အပြီးမှာ အချို့ ကစားသမားတွေက အားလပ်ရက်ယူပြီး ကလပ်တွေထံ ပြန်လာလိုကြခြင်း မရှိပါဘူး။ သူကတော့ ဘရိုက်တန်ကို ချက်ခြင်း ပြန်လာခဲ့ပါတယ်။

ဘာလို့လဲဆိုတော့ ဘရိုက်တန်မှာ စစ်မှန်တဲ့ အောင်မြင်မှုရဖို့ လိုတာကို သူသိပါတယ်။ အယ်လစ်စတာက သူ့ရဲ့ စရိုက်ကောင်းကို ပြသခဲ့ပါတယ်။ သိပ်ကောင်းတဲ့ ကစားသမားပါ ” ရက်နက်က လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ စိတ်ဓါတ်ပိုင်း မာကျောတဲ့ ကစားသမားကို အဓိက စုဖွဲ့လေ့ရှိသလို ကြံ့ခိုင်မှုပိုင်း ပြည့်ဝလွန်းတဲ့ အယ်လစ်စတာလို ကစားသမားက ကိတ်တာ၊ ချိန်ဘာလိန်တို့ နေရာကို ဝင်ယူဖို့ သင့်လျော်လွန်းနေသူပဲ ဖြစ်ပါတယ်။