၂၀၂၄ နွေအပြောင်းအရွှေ့ စျေးကွက်မှာ လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူးသစ်ကို ဦးစားပေး ပစ်မှတ်အဖြစ် ရွေးချယ်မှာက လူတိုင်းသိတဲ့ သတင်းဖြစ်လာနေပါတယ်။
လီဗာပူးအသင်း ချိန်ရွယ်ထားတဲ့ ကစားသမားတွေကို မှန်းဆမှုတွေ များပြားပေမယ့် ဒီတစ်ကြိမ်မှာတော့ အေးဂျင့်တွေကတစ်ဆင့် အသင်းရဲ့ ကင်းထောက်မှုတွေကြောင့်ပဲ နာမည်စာရင်း အချို့ စတင် ပေါ်ထွက်လာနေပြီဖြစ်ပါတယ်။
အသင်းရဲ့ ထိပ်တန်းပစ်မှတ် တစ်ဦးကတော့ လေဗာကူဆင်မှ အီကွေဒေါသား ဘယ်ခြမ်း ခံစစ်မှူး ဟင်ကာပီဖြစ်ပါတယ်။ လီဗာပူးအသင်းက သူ့ကို ကင်းထောက်နေတာ ၂ နှစ်ရှိပါပြီ။ မနှစ်ကနွေမှာဆိုရင် သူ့ကို ခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့် ကွင်းလယ်ကို ရင်းနှီးမြုပ်နှံဖို့ပဲ အသင်းက ရွေးချယ်ခဲ့ပါတယ်။
အလွန်ဆိုရဲ့ လက်အောက်မှာ တောက်ပနေတဲ့ ဟင်ကာပီဟာ အသက် ၂၂ အရွယ်ပဲ ရှိသေးပြီး လီဗာပူးဘက်က စိတ်ဝင်စားနေကြောင်းကို ကစားသမားရဲ့ အေးဂျင့် Manuel Sierra က အတည်ပြုပါတယ်။
ပဲလေစ့်မှာ ကစားနေတဲ့ ခံစစ်မှူး ဂူဟီကိုလည်း လီဗာပူးဘက်က စိတ်ဝင်စားနေပါတယ်။ အသက် ၂၂ နှစ်အရွယ် ခံစစ်မှူးဟာ လွန်ခဲ့တဲ့ ၂ ရာသီက ချယ်ဆီးကနေ ပဲလေစ့်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အင်္ဂလန်အသင်းမှာပါ ရွေးချယ်ခံနေရပါပြီ။
လီဗာပူးဘက်က စုံစမ်းမှုတွေနဲ့အတူ ဂူဟီကို ခေါ်ယူရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ကျသင့်မယ်လို့ သတင်းထွက်ထားပေမယ့် အင်္ဂလန်ထိပ်သီးတွေ ဝိုင်းလုကြရင်တော့ အဲ့စျေးနဲ့ မရနိုင်ဘူးလို့လည်း မှန်းဆထားကြပါတယ်။
လီဗာပူးရဲ့ ခံစစ်ပစ်မှတ်ထဲမှာ နော်တင်ဟမ် ဖောရက်စ်မှာ ကစားနေတဲ့ ၂၁ နှစ်အရွယ် ဘရာဇီး ခံစစ်မှူး မာရီယိုလည်း ပါဝင်လာပါတယ်။ ဘယ်ခြမ်းမှာ အဓိက ကစားပြီး ၃ ယောက်တန်း ခံစစ်မှာလည်း အံ့ဝင်သူ ဖြစ်ပါတယ်။ သူ့ကို သဘောကျနေတာ လီဗာပူးတင် ရှိနေတာတော့ မဟုတ်ပါဘူး။
ဒီရာသီ ဖောရက်စ်အသင်း ဘဏ္ဍာရေးပိုင်း ဖောက်ဖျက်မှုကြောင်း အရေးယူခံထားရကာ နွေမှာတော့ ကစားသမားကောင်း အချို့ကို ရောင်းထုတ်ရနိုင်ပါတယ်။ ဒီအပိုင်းကတော့ အတ်ဝပ် အတော်လေး ကျွမ်းကျင်ပါတယ်။