အန်ဖီးကွင်းအတွင်း မက်ကယ်လစ္စတာနဲ့ ဒိုကူတို့ ဖြစ်ရပ်မှာ ဒိုင်လူကြီး အိုလီဗာနဲ့ VAR ဒိုင်တွေ ဘယ်လို ဆုံးဖြတ်ခဲ့ကြလဲ အသံဖိုင် ထွက်ပေါ်လာပါတယ်။
ပင်နယ်တီ ဧရိယာထဲမှာ ဒိုကူ ဘောလုံးရှင်းထုတ်ဖို့ လုပ်ဆောင်ရင်း ခြေထောက်ဟာ လိုတာထက် ပိုမြောက်နေခဲ့တာပါ။ အတွင်းထဲကို ပြေးဝင်လာတဲ့ မက်ကယ်လစ္စတာနဲ့ မရှောင်နိုင်ကြဘဲ ထိတွေ့မှုဖြစ်ခဲ့ပါတယ်။
Referee (Michael Oliver): “ ပင်နယ်တီ မဟုတ်ဘူး၊ ငါ့အတွက်တော့ ဒါက ပင်နယ်တီ မဟုတ်ဘူး။
VAR (Stuart Attwell): “ ပင်နယ်တီလားဆိုတာကို စစ်ဆေးနေပါတယ်။ ”
Referee: “ ငါကတော့ ဘောလုံးက အလယ်မှာပါ။ ဒိုကူက ဘောလုံးကစားဖို့ ကြိုးစားတာလို့ ထင်တယ်။ ထိတွေ့မှု အနည်းငယ် ဖြစ်ခဲ့ပါတယ်။ ”
VAR: “ ဒီတော့ ဒိုကူက ဘောလုံးကိုပဲ အာရုံစိုက်နေတာ သိသာပါတယ်။ ဘောလုံးက အလယ်မှာ နှစ်ယောက်သား အတူဝင်လာခဲ့ကြတယ်။ မက်ကယ်လစ္စတာ ဝင်လာတာကို ပြကြည့်ပါ။ သူ ခန္ဓာကိုယ် လှည့်လိုက်တယ်။
ဘောလုံးက မြင့်ပါတယ်၊ နှစ်ယောက်လုံး ခုန်ဝင်လာတာပါ။ ပင်နယ်တီ ပေးရလောက်တဲ့ သက်သေမျိုး မတွေ့ပါဘူး။ ဒီဆုံးဖြတ်ချက်ကို မင်းတို့ သဘောတူလား? ဒိုကူက ဘောလုံးကစားခဲ့တာပါ။ ”
Assistant VAR (Nick Hopton): “ ဒိုကူ ဘောလုံးကို ဦးတည်ကစားခဲ့တာကို မင်းတို့ သဘောတူကြလား?”
Howard Webb explains the following decisions on Match Officials Mic'd Up:
Liverpool's penalty appeal v Man City
West Ham's overturned goal v Aston Villa
Villa's penalty appeal v West Ham
McGinn's red card v Spurs
West Ham's penalty appeal v Burnley
Brownhill's red card v Palace pic.twitter.com/q6yjCx66WA— Premier League (@premierleague) March 19, 2024
VAR: “ သူ ဘောလုံးကို ထိမိတယ်၊ ပြီးမှ သူ့ရဲ့ နေရာလွတ်ထဲ မက်ကယ်လစ္စတာ ရောက်လာတာ။ မက်ကယ်လစ္စတာက သူ့ကို ကျောပေးဖို့ လှည့်လိုက်တယ်။ သူတို့ အတူတူဝင်လာတာပဲ။ အိုလီ ကွင်းထဲက မင်းပဲ အတည်ပြု ဆုံးဖြတ်ချက်ချပါ။ စစ်ဆေးမှု ပြီးပါပြီ။ ”
အဲ့နောက်မှာတော့ ဒီဖြစ်ရပ်ကို ပင်နယ်တီ မပေးဖို့ အိုလီဗာက ဆုံးဖြတ်လိုက်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ Key Match Incidents Panel ကလည်း တူညီတဲ့ဖြစ်ရပ်တွေ နောက်ခါဖြစ်ရင် ပင်နယ်တီ ပေးမပေး မဲအဆုံးအဖြတ်ခံယူရာမှာ ၄-၁ ရလဒ်နဲ့အတူ ပင်နယ်တီ မပေးဖို့ကို အတည်ပြုခဲ့ကြပြီဖြစ်ပါတယ်။