လီဗာပူးအသင်းဟာ ကလပ်ရဲ့ ဦးစားပေး မန်နေဂျာတွေကို နောက်ကွယ်ကနေ နောက်ကြောင်းလိုက်တာတွေကို လုပ်ဆောင်နေပါပြီ။ အခုချိန်ထိတော့ အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့ရဲ့ ပါဝင်မှု မရှိသေးပါဘူး။
လေဗာကူဆင် စီအီးအိုကတော့ အလွန်ဆိုကို စာချုပ်ပါအတိုင်း ၂၀၂၆ အထိ သူတို့အသင်းမှာ ဆွဲထားရေး ကြိုးစားမယ့် သဘောထားတွေ ပြသလာပါတယ်။
ဂျေဒန်ဒန့်စ်၊ တိုင်ယွန်နီ၊ နယ်လို အစရှိတဲ့ လီဗာပူးကြယ်ပွင့်တွေဟာ အင်္ဂလန်အသင်းက ချက်အသင်းကို ၂-၁ ဖြင့် အနိုင်ရတဲ့ ယူ-၁၈ စူပါဖလားမှာ အရန်ခုံကနေ ပါဝင်ကစားခဲ့ကြပါတယ်။
Netflix ကနေပြီး သူတို့ရဲ့ documentary series မှာ ပါဝင်ပေးဖို့ မိုဆာလာကို ချဉ်းကပ်မှု ပြုလုပ်နေပါတယ်။
ဒီယက်စ်ကို ခေါ်ယူရေး ဦးစားပေးအဖြစ် ရွေးချယ်ထားတဲ့ ပီအက်စ်ဂျီအသင်းဟာ ကစားသမားရဲ့ ကိုယ်စားလှယ်ထံ ချဉ်းကပ်မှု လုပ်ထားပါတယ်။ လီဗာပူးအသင်းဘက်ကတော့ ရောင်းချမယ့် အရိပ်အယောင် မပြသေးပါဘူး။
လီဗာပူးအသင်းဟာ ဖူလ်ဟမ်အသင်း ခံစစ်မှူး အဒါရာဘီယိုယို ကို စုံစမ်းနေတဲ့ ကလပ်တွေထဲ ပါဝင်နေပါတယ်။
လီဗာပူးအသင်းဟာ ဒီရာသီ အိမ်ကွင်းမှာ ရမှတ် အယူနိုင်ဆုံး အသင်းအဖြစ် မန်စီးတီး၊ အာဆင်နယ်တို့ရဲ့ အထက်မှာ ရှိနေဆဲဖြစ်ပါတယ်။
လီဗာပူးကို အနိုင်ယူလိုက်တာဟာ ယူနိုက်တက်ကို ခွန်အားဖြစ်စေပြီး လက်ကျန် ဘောလုံးရာသီ တစ်ခုလုံးကို အပြောင်းအလဲ ဖြစ်သွားစေနိုင်တယ်လို့ ဂျရတ်ပီကေးက ထုတ်ပြောပါတယ်။
နော်တင်ဟမ် ဖောရက်စ်မှာ ကစားနေတဲ့ ၂၁ နှစ်အရွယ် ဘရာဇီး ခံစစ်မှူး မာရီယိုကို ချိန်ရွယ်နေတဲ့ အသင်းတွေဟာ လီဗာပူးအပါအဝင် ၆ သင်းထိ ရှိနေပါတယ်။