

လီဗာပူးအသင်းဟာ ရစ်ချက်ဟုချ်ရဲ့ ပထမဆုံး ခေါ်ယူမှုအဖြစ် ဘုန်းမောက်အသင်းမှ နောက်ထပ် အရေးကြီး ပုဂ္ဂိုလ်တစ်ဦးကို အန်ဖီးထံ ခေါ်ယူဖို့ ကြိုးစားလာပါတယ်။
ဘုန်းမောက်အသင်းရဲ့ ကင်းထောက်ချုပ် Mark Burchill ကို ခေါ်ယူနိုင်ဖို့ လီဗာပူးဘက်က ကြိုးစားလာတာပါ။ Burchill ဟာ လီဗာပူးအတွက် အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ရဲ့ ပထမဆုံး လက်မှတ်ထိုး ခေါ်ယူမှုလည်း ဖြစ်လာနိုင်ပါတယ်။
လီဗာပူးအသင်းမှာ ကင်းထောက်ချုပ် (chief scout) ဘယ်ရီဟန်သာနဲ့ လူသစ်ခေါ်ယူရေးဆိုင်ရာ အကြီးအကဲ (head of recruitment) ဒေ့ဗ်ဖော်လိုးတို့ ရှိနေပေမယ့် အားဖြည့်မှုတွေ ဆက်လုပ်ဖွယ် ရှိနေပါတယ်။
ဒီအပတ်မှာပဲ FSG ရဲ့ လီဗာပူးပုံစံသစ်မှာ မိုက်ကယ်အတ်ဝပ်နဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ ရစ်ချက်ဟုချ် ဝင်ရောက်လာမယ်ကိစ္စ အတည်ပြုနိုင်ခဲ့တာပါ။ Burchill ကတော့ လီဗာပူးအသင်းရဲ့ နောက်ထပ် အားဖြည့်မှု ဖြစ်လာဖွယ် ရှိလာနေပါပြီ။