လူငယ်ကြယ်ပွင့် ဟာဗေးဟာ အင်္ဂလန် ယူ-၂၁ အသင်းအတွက် သွင်းဂိုး ၂ ဂိုး ထပ်ရတာကြောင့် ဒီရာသီ ကလပ်နဲ့ နိုင်ငံပွဲတွေမှာ ကိုယ်တိုင် ၁၀ ဂိုး သွင်းကာ ဂိုးထောက်ပံ့မှု ၁၀ ကြိမ် ရထားခဲ့ပြီ ဖြစ်ပါတယ်။
နည်းပြကြီး အဲရစ်ဆန်ကတော့ လီဗာပူးအသင်း ကိုယ်စားပြုပြီး အင်တာဗျူးဖြေရတာအတွက် အရမ်းကို ခံစားချက်ကောင်းမွန်နေပါတယ်။ လီဗာပူးအမာခံ ပရိသတ်ဖြစ်တဲ့ သူ့ရဲ့ ဖခင်ကလည်း သက်ရှိထင်ရှား ရှိနေဆဲမို့ အဲရစ်ဆန်တို့ မိသားစုကြား ဝမ်းသာဝမ်းနည်း အခိုက်အတန့် တစ်ခုဖြစ်နေခဲ့တာပါ။
၂၀၂၂ ခုနှစ် ပြင်သစ်မှာ လုပ်တဲ့ ချန်ပီယံလိဂ်မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်ရမှုအတွက် လီဗာပူးပရိသတ်အဖွဲ့က တရားစွဲမှုကို ယူအီးအက်ဖ်အေဘက်က လျော်ကြေးငွေ ပေးဆောင်ရတော့မှာပါ။
” ကျနော် မန်ဂါတွေ ဖတ်နေတာမြင်ရင် ကျနော်ရဲ့ လီဗာပူးအသင်းဖော်တွေက ဒါတွေဖတ်ရလောက်အောင် မင်းက အသက်ကြီးလွန်းနေပြီ လို့ ပြောကြပါတယ်။ ဒီမန်ဂါတွေ ကျနော်အပေါ် ဘယ်လောက်ထိ လွှမ်းမိုးမှုကြီးလဲ သူတို့ မသိပါဘူး။
တခါတလေမှာ အရေးပါတဲ့ပွဲတွေ မတိုင်ခင် ဖိုက်တင်အခန်းတွေကို ဖတ်ပြီး သူတို့လို ပြတ်သားတဲ့ စိတ်ဓါတ်ပိုင်းရဖို့ အင်အားယူလေ့ ရှိပါတယ်” လို့ ဂျပန် မန်ဂါနဲ့ အနီမဲ အမာခံပရိသတ် ကိုနတေးက ပြောလာပါတယ်။
ကိုလံဘီယာအသင်းက စပိန်ကို ၁-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းဖော်ဖြစ်သူ ဂိုးသွင်းနိုင်ဖို့ လူးဝစ် ဒီယက်ဇ်က ဘယ်ခြမ်းကနေ တောက်လျှောက် လှိမ့်ခေါက် မွှေနှောက်ပြီး ဖြတ်တင်ဘော လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
What an assist from Lucho! ⚡️⚡️⚡️pic.twitter.com/Odzf5u8htH
— The Anfield Talk (@TheAnfieldTalk) March 22, 2024
နယ်သာလန်က စကော့တလန်ကို ၄-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဂက်ပိုက ဂိုး ၂ ဂိုးအတွက် ဂိုးထောက်ပံ့မှု လုပ်ပေးနိုင်ခဲ့ပါတယ်။
အေဂျက်ဂန္တဝင်အသင်းနဲ့ ရန်ပုံငွေပွဲ ကစားဖို့ လီဗာပူး အကျော်အမော်ဟောင်းတွေ အသင်းထံ ရောက်လာပြီး လေ့ကျင့်ရေးကွင်းမှာ ခြေသွေးနေကြပါတယ်။ လီဗာပူးဂျာစီ ဝတ်လိုက်တာနဲ့ တောရက်စ်ကြီးကတော့ ဂိုးသွင်းခြေ ထက်မြက်နေဆဲပါ။
Can you be happy and sad at the same time.pic.twitter.com/ups3JN8qmG
— DaveOCKOP (@DaveOCKOP) March 23, 2024
နွေမှာ လေဗာကူဆင်ကနေ ထွက်ခွာမယ်ဆိုရင် အလွန်ဆိုက ဘိုင်ယန်မြူးနစ်ထက် လီဗာပူးကို ဦးစားပေးလိမ့်မယ်လို့ ဂျာမာန်သတင်းထောက်တွေက ယုံကြည်နေပါတယ်။
ဝေးလ် ယူ-၂၁ အသင်းပွဲစဉ်မှာ လူငယ်ကြယ်ပွင့် ကူးမက်စ်ဟာ ဘယ်ခြမ်းကနေ ထူးချွန်တဲ့ အဆုံးသတ်မှုကို ထပ်မံ ပြသခဲ့ပါတယ်။
Lewis Koumas with a beautiful goal for Wales U21 vs Lithuania. This guy can finish 🥶pic.twitter.com/DybgH5mXsF
— DaveOCKOP (@DaveOCKOP) March 22, 2024
အစွန်နေရာအတွက် လီဗာပူးအသင်းဟာ ဖူလ်ဟမ်မှ ရိုဘင်ဆန်နဲ့ ဝုဗ်မှ နူရီ တို့ကို အတော်လေး သဘောကျကာ စောင့်ကြည့်မှုတွေ လုပ်နေပါတယ်။