မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ နယူးကာဆယ်ကော မန်ချက်စတာ ယူနိုက်တက်ပါ အရေးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့်လို့ လီဗာပူးအသင်း နောက်ဆုံး ၃ ပွဲလုံး အနိုင်ရရင်တောင် ချန်ပီယံလိဂ်ဝင်ခွင့်ရရေး အတွက် ဆိုရင် ၎င်းအသင်းတွေက အနည်းဆုံး ၂ ပွဲစီ ထပ်ရှုံးဖို့ လိုအပ်နေသေးတာပါ။
၂၀၁၇ ကနေစပြီး ဆာလာဟာ လီဗာပူးပွဲစဉ် အားလုံးရဲ့ ၉၇% မှာ ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။ ဆာလာဟာ ကြံ့ခိုင်မှုပိုင်းမှာ မက်ဒရစ်နဲ့ ဖိုင်နယ်ပွဲမှာ လက်မောင်းထိခဲ့တာကလွဲလို့ အဖျားအနာကင်းသူ ဖြစ်ပါတယ်။
လီဗာပူးအသင်းထံက ဖိအားတွေ စရနေပေမယ့်လို့ ရာသီကုန်ရင် မန်ချက်စတာ ယူနိုက်တက်တို့ သေချာပေါက် ချန်ပီယံလိဂ် ဝင်ပါတယ်လို့ ဖာဒီနန်က အခိုင်အမာ ပြောဆိုပါတယ်။
လီဗာပူးစီနီယာလူစာရင်းဟာ လက်ရှိမှာ စပိန်ကို ရောက်နေပြီး အနားယူ အားဖြည့်နေကြပါတယ်။ လီဗာပူးအသင်းဟာ လက်စတာပွဲအတွက် တစ်ပတ်အပြည့် နားချိန်ရထားတာ ဖြစ်ပါတယ်။
ကလော့ပ်ဟာ လီဗာပူးအသင်းနဲ့ ၂၀၂၆ ခုနှစ်ထိ စာချုပ်ရှိထားတာဖြစ်ပြီး သူ့ကို အထောင်အပံ့ပေးမယ့် အားကစားဒါရိုက်တာသစ် အဖြစ် ဂျော့ရှမတ်ကီ တာဝန်ပေးမယ်ဆိုရင် ၃ နှစ်စာချုပ်ဖြစ်ဖို့ များပါတယ်။
ဘရန့်ဖိုဒ့်အသင်းဟာ သူတို့ရဲ့ ပထမဦးစားပေး ဂိုးသမား ယာယာနေရာ ရေရှည် အစားထိုးဖို့အတွက် ဂလယ်ဟာကို ခေါ်ယူလိုနေပါတယ်။
ကွင်းလယ်လူ ချူအာမီနီဟာ မက်ဒရစ်မှာ ပွဲကစားခွင့် အကန့်အသတ် ရှိနေခြင်းကို သဘောမကျဖြစ်နေတယ်လို့ သိရပါတယ်။ မနှစ်ကနွေမှာ သူ့ကို ခေါ်ယူရေး မအောင်မြင်ခဲ့ပေမယ့် လီဗာပူးဘက်က ပြင်သစ်သားအပေါ် စိတ်ဝင်စားမှု ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
တိုင်လီမန်းစ်ရဲ့ အေးဂျင့်က သူ့ကစားသမားကို ခေါ်ယူလိုရင် ခေါ်နိုင်ကြောင်း လီဗာပူးအသင်းကို ကမ်းလှမ်းထားပြီ ဖြစ်ပါတယ်။
မိုနာကို ကွင်းလယ်လူ ဖိုဖာနာကို လီဗာပူးအသင်း ခေါ်ယူလိုတယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၂၁.၉ သန်း ပေးရမယ်လို့ အသံထွက်နေပါတယ်။