ဂျရတ်ကို မှတ်ချက်ပေးခဲ့တဲ့ တောရက်စ်၊ ဝင်ဘာလေမှာ မြင်ရတဲ့ အယ်လီဆန်၊ ဂျာစီ ဒီဇိုင်း အားလုံး ပေါက်ကြားထားခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဖာနန်ဒို တောရက်စ်ကတော့ စတီဗင်ဂျရတ်ဟာ အမြဲတမ်းနဲ့ ထာဝရ အကောင်းဆုံး ဆိုတဲ့ နာမည်ကျော် စာတန်းတစ်ခုကို သူ့ရဲ့ X လူမှုကွန်ယက်မှာ ရေးသားကာ အသင်းဖော်ဟောင်းနဲ့ ပြန်တွဲကစားခွင့်ရတာကို ဂုဏ်ယူကြောင်း ပြသခဲ့ပါတယ်။

ပေါ်တူဂီနဲ့ ဘာစီလိုနာ ကစားသမား ကန်ဆယ်လိုကတော့ အင်္ဂလန်မှာ သူရင်ဆိုင်ရ အခက်ခဲဆုံး ကစားသမားက မိုဆာလာပါလို့ ထုတ်ပြောသွားပါတယ်။

အင်္ဂလန် ၀-၁ ဘရာဇီး ပွဲမှာ ဂိုးမက်စ်ဟာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခွင့်ရသွားပါတယ်။

မနှစ်ကရာသီ သူလီဗာပူးကို ရောက်လာချိန်မှာ ကလပ် ရင်ဆိုင်နေရတဲ့ ကွင်းတွင်း ကွင်းပြင် ပြဿနာတွေ များခဲ့ကြောင်းနဲ့ ဒီအခြေအနေကို ပြောင်းလဲဖို့ ကလော့ပ်ဟာ သူ အယုံကြည်ရဆုံး ကစားသမားတွေကိုပဲ ဦးစားပေးဖို့ ရွေးချယ်ခဲ့ရတယ်လို့ ကာဗာရိုက ပြောပြလာပါတယ်။

အင်္ဂလန်မှာ ကျင်လည်တုန်းက လီဗာပူးအသင်းကို အားပေးကြောင်း ထုတ်ဖော်ခွင့် မရခဲ့ပေမယ့် သူ့ဘဝရဲ့ နောက်ဆုံးကာလတစ်ခုမှာ လီဗာပူးအသင်းနဲ့ အဆုံးသတ်ရမှာထက် ပိုကောင်းတာ မရှိတော့ပါဘူးလို့ အဲရစ်ဆန်က ထုတ်ပြောခဲ့ပါတယ်။

အန်ဖီးကွင်းမှာ ကလော့ပ်နဲ့ တွေ့ဆုံစဉ် အဲရစ်ဆန်က ဦးညွှတ်နှုတ်ဆက်ခဲ့ကာ “What a legend!” ဆိုပြီး အသင်းကို အောင်မြင်မှုထံ ပြန်ဆွဲတင်ပေးတဲ့ ဂျာမန်သားအား လေးစားမှု ပြသခဲ့ပါတယ်။

လီဗာပူး ဂန္တဝင်နဲ့ အေဂျက် ဂန္တဝင်တွေရဲ့ ရန်ပုံငွေပွဲဟာ အသင်း စီစဉ်တဲ့ ရန်ပုံငွေပွဲတွေအတွင်း လက်မှတ် ရောင်းချရမှု အများဆုံးပွဲဖြစ်ခဲ့ကာ တောရက်စ်အတွက်လည်း ကစားသမားဘဝ အနားယူပြီးနောက် ပထမဆုံး ပြန်ကစားတဲ့ ဘောလုံးပွဲ ဖြစ်ခဲ့ပါတယ်။

အင်္ဂလန်နဲ့ ဘရာဇီးတို့ရဲ့ ဝင်ဘာလေကပွဲအတွင်း ပွဲကြည့်စင်မှာ တက်ရောက် အားပေးနေတဲ့ အယ်လီဆန်ကို မြင်ခဲ့ရပါတယ်။

လီဗာပူးအသင်းဟာ ဝက်စ်ဟမ်းနဲ့ အဝေးကွင်းပွဲကို နေ့ခင်း ၁၂ နာရီခွဲမှာ ကစားရမှာပါ။ အသင်းဟာ နောက်ဆုံး ၅ ရာသီအတွင်း ပရီးမီးယားလိဂ်ကလပ် ၁၉ သင်းပေါင်းထက်တောင် ပိုများတဲ့ နေ့ခင်းပွဲတွေကို ကစားထားရပါတယ်။

လီဗာပူးအသင်းရဲ့ အိမ်ကွင်း၊ အဝေးကွင်း၊ တတိယဂျာစီ ဒီဇိုင်းအားလုံးက ပေါက်ကြားလာခဲ့ပြီးပါပြီ။