ဂျိုတာရွေးတဲ့ အသင်းရဲ့ အကောင်းဆုံး အဆုံးသတ်သမား၊ ထရန့်က ဒီဘရိုင်းထက်တောင် ပိုကောင်းတယ်လို့ ဝေါ်ကာ ပြောဆိုလာခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းရဲ့ မန်နေဂျာ ရွေးချယ်မှုမှာ ငယ်ရွယ်ပြီး အသင်းနဲ့အတူ အရွယ်ရောက်လာမယ့်သူ ဖြစ်ရမယ်၊ တိုက်စစ်အားသန် ကစားကွက်ကို ဖော်ဆောင်ပေးနိုင်ရမယ်၊ ပုဂ္ဂိုလ်ရေးပိုင်း သန်မာကောင်းမွန်ရမယ် စတဲ့ အချက်တွေ ပါဝင်ထားပါတယ်။

လီဗာပူးအသင်းမှာ အဆုံးသတ် အကောင်းဆုံး တိုက်စစ်မှူး ဘယ်သူလဲ မေးခွန်းအတွက် ဂျိုတာကတော့ သူပါပဲလို့ ကိုယ်ဘာသာ ပြန်ရွေးခဲ့ပါတယ်။

အလွန်ဆိုဟာ သူ့ရဲ့ အသင်းသစ်ကို ဘဏ္ဍာရေးပိုင်း မက်လုံးတွေအရ ရွေးချယ်မှာ မဟုတ်ဘဲ ဘောလုံးဆိုင်ရာ ကိစ္စတွေအရပဲ ရွေးချယ်မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းက အတ္တလန်တာ ကွင်းလယ်လူ Teun Koopmeiners ကို ကင်းထောက်လွှတ် စောင့်ကြည့်နေတယ်လို့ ရိုမန်နိုက ပြောလာပါတယ်။ ဒီလထဲမှာ လီဗာပူးအသင်းနဲ့ အတ္တလန်တာတို့ ထိပ်တိုက်တွေ့မယ့် ယူရိုပါလိဂ်ပွဲစဉ်တွေ ရှိနေတာ ဖြစ်ပါတယ်။

ရော်ဘီဖောင်လာနဲ့ မိုက်ကယ်အိုဝင်တို့ဟာ ဒီနှစ်ရဲ့ ပရီးမီးယားလိဂ် Hall of Fame အတွက် ဆန်ကာတင် စာရင်းထဲ ပါဝင်လာပါတယ်။

ဝေါ်ကာကတော့ ထရန့်ရဲ့ ဘောလုံးပေးနိုင်စွမ်းဟာ ဒီဘရိုင်းထက်တောင် ပိုကောင်းပါတယ်လို့ FIVE Podcast အစီအစဉ်ကနေ ဖာဒီနန်တို့ကို ရှင်းပြသွားပါတယ်။

စကိုင်းစပေါ့ အစီအစဉ် တင်ဆက်သူ ရစ်ချက်ကီးကတော့ အလွန်ဆိုဟာ လီဗာပူးကို ပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီလို့ ထုတ်ပြောလာပါတယ်။ အခုချိန်ထိ အသင်းဘက်ကတော့ ဦးစားပေး နည်းပြကို စိစစ်နေဆဲဖြစ်ပါတယ်။

လီဗာပူးရဲ့ နောက်ဆုံး ပွဲစဉ် ၃ ပွဲကို လွဲချော်ခဲ့တဲ့ ကိုနတေးဟာ ပြင်သစ်အသင်းရဲ့ ဒုတိယမြောက် ခြေစမ်းပွဲမှာ ပွဲထွက်ကနေ ပါဝင်သွားဖွယ် ရှိနေပါတယ်။

ဆောင်းရာသီမှာ တီရှပ်နဲ့နေနေတဲ့ မာကာကို မချမ်းဘူးလားလို့ LFC TV ရိုက်ကွင်းအတွင်း မေးရာမှာ ” ကျနော် အသားကျနေပြီ၊ ကျနော်က လီဗာပူးသား ဖြစ်နေပြီလေး ” မာကာက ပြန်ဖြေခဲ့ပါတယ်။