မက်ဆီ ရိုဒရီဂွက်ဇ်ဟာ အက်ဆာမှာ ဒါဝင်နဲ့ တွေ့ဆုံခဲ့ရာက ဥရုဂွေး တိုက်စစ်သမားရဲ့ ကြံ့ခိုင်မှု ကောင်းမွန်နေကြောင်း သက်သေဖြစ်လာခဲ့ပါတယ်။
အေဂျက်အသင်းဟာ သူတို့အသင်း နည်းပြချုပ်အဖြစ် ကလော့ပ်ရဲ့ လက်ထောက်ဖြစ်သူ ပပ်လင်ဒါးကို အလေးအနက် စဉ်းစားနေပြီ ဖြစ်ပါတယ်။
ဧပရယ်လ ၇ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ယူနိုက်တက်နဲ့ပွဲမှာ ထရန့် ပါဝင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဂျိုတာကလည်း အဆိုပါပွဲလောက်ကစလို့ ပြန်လည် ပါဝင်နိုင်ဖို့ ရှိနေပါတယ်။
စကော့တလန်ပွဲစဉ်မှာ ဒဏ်ရာရခဲ့တဲ့ ရော်ဘတ်ဆန်ဟာ ပြင်းထန်ဒဏ်ရာမျိုး ရှောင်ရှားနိုင်ခဲ့တယ်လို့ လီဗာပူးအသင်းဘက်က မျှော်လင့်နေပါတယ်။
FSG ရဲ့ ဒုတိယမြောက် ကလပ်ဟာ ပြင်သစ်ကလပ် Toulouse ဖြစ်လာမှာ မဟုတ်ဘူးလို့ သတင်းထောက် Dave Powell က ဖော်ပြသွားပါတယ်။
လီဗာပူးအသင်းရဲ့ ဦးစားပေး နည်းပြစာရင်းကတော့ အလွန်ဆို၊ အာမိုရင်းနဲ့ တတိယနေရာမှာ ဒီဇာဘီတို့ ဖြစ်ပါတယ်။
အာဂျင်တီးနားနဲ့ ကော်စတာရီကာတို့ပွဲမှာ မာကာက ဒုတိယမြောက် သွင်းဂိုးအား ခေါင်းတိုက် သွင်းယူပေးခဲ့ပါတယ်။
ANOTHER goal for Alexis Mac Allister last night! 🇦🇷🔥pic.twitter.com/8urtgixtLo
— – (@snappedlfc) March 27, 2024
ဒီယက်ဇ်ရဲ့ ဖခင်ဖြစ်သူက သူ့သားဖြစ်သူ မက်ဒရစ်ကလပ် တစ်သင်းအတွက် ကစားပေးနိုင်ဖို့ မျှော်လင့်ကြောင်း ဖြေဆိုမှုအပေါ် လီဗာပူးပရိသတ်တွေ များစွာက ဝေဖန်ခဲ့ကြပါတယ်။
သူ့ရဲ့ လီဗာပူးအသင်းထံ ပြောင်းရွှေ့ခဲ့မှုအား ပြင်ပမှာ ဆွေးနွေးငြင်းခုံမှုတွေ ရှိပေမယ့် ပိုတိုးတက်လာဖို့အရေး ကြိုးစားဖို့ကလွဲရင် အခြား အကြောင်းအရာတွေအား ခေါင်းထဲ မထည့်ဘူးလို့ ဂက်ပိုက ပြောပါတယ်။
ဒီရာသီမှာ ဆောက်သမ်တန်ကနေ ရိုမီယို လာဗီယာကို မခေါ်ယူနိုင်ခဲ့ခြင်းအပေါ် လီဗာပူးပရိသတ်တွေ စိတ်သက်သာရာရနေကြပါတယ်။ သီယေဂိုထက်တောင် ပိုဆိုးတဲ့ ခေါ်ယူမှု ဖြစ်သွားနိုင်ခဲ့တာလို့ မှတ်ချက်ပေးနေကြပါတယ်။
လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ နှစ်သင်း ပူးပေါင်းပြီး ပရိသတ်တွေရဲ့ အသိပညာကို မြင့်တင်ရေး ပရိုဂရမ် တစ်ခုကို ရေးဆွဲထားပါတယ်။ ဒီပရိုဂရမ်ရဲ့ ရည်ရွယ်ချက်ကတော့ ကလပ်တွေကြား ကန့်သတ်ထားတဲ့ ဖြစ်ရပ်ဆိုးတွေကို လှောင်ပြောင်းခြင်းမျိုး အချင်းချင်း မလုပ်ကြဖို့ ဖြစ်ပါတယ်။