အန်ဖီးကွင်းက ဘယ်လောက်ထိ လျှပ်လျှပ်ထသလဲ သာဓကနဲ့တကွ ချီးကျူးလိုက်တဲ့ အလန်ရှီးယား

ဒီအပတ် The Athletic နဲ့ အမေးအဖြေ အစီအစဉ်မှာ ပရီးမီးယားလိဂ် ဂန္တဝင်ကြီး အလန်ရှီးယားကတော့ အင်္ဂလန်ရဲ့ စံနမူနာယူထိုက်တဲ့ ကွင်းကြီးတွေအကြောင်း ပြောပြလာပါတယ်။

အလန်ရှီးယားက သူ့ရဲ့ အသင်းဟောင်း နယူးကာဆယ် အိမ်ကွင်း စိန့်ဂျိမ်းပက်ခ်နဲ့ လက်ရွေးစင်အသင်း အိမ်ကွင်း ဝင်ဘာလေတို့ကို အင်္ဂလန်ရဲ့ အကောင်းဆုံး အားပေးမှုရှိတဲ့ ကွင်းတွေအဖြစ် ရွေးထုတ်ခဲ့သလို လီဗာပူးရဲ့ အန်ဖီးကွင်းကိုလည်း ထည့်သွင်းခဲ့ပါတယ်။

“ ကလပ်အဆင့်မှာဆိုရင် အန်ဖီးရဲ့ အားပေးမှု အငွေ့အသက်တွေကို ကျနော် အမြဲတမ်း ပျော်ရွှင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ကွင်းမှာဆိုရင် မင်းက သေချာပေါက် လေးစာမှုတွေရမှာမို့ပါပဲ။ အခြားကွင်းတွေမှာ မရတတ်တဲ့ လေးစားမှုမျိုး အန်ဖီးမှာ မင်းတို့ရနိုင်ပါတယ်။

ကျနော်ရဲ့ ကစားသမားဘဝတုန်းက မမြင်ခဲ့ရပေမယ့် လီဗာပူး vs ဘာစီလိုနာအသင်း ယှဉ်ပြိုင်ကစားတဲ့ ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်ကတော့ လုံးဝ မမေ့နိုင်စရာပါပဲ။

အဲ့ပွဲမှာ ကျနော်က တွဲဘက် ဘောလုံးတင်ဆက်သူအဖြစ် အန်ဖီးကွင်းမှာ ရှိနေခဲ့တာပါ။ ပထမအကျော့ ၃-၀ ရှုံးနိမ့်ထားမှုကို အန်ဖီးမှာ လီဗာပူးအသင်း ၄-၃ ရလဒ်မျိုးနဲ့ တုန့်ပြန် အနိုင်ယူပြခဲ့တာက လျှပ်စစ်လိုပါပဲ ” လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

အန်ဖီးရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုဟာ အလန်ရှီးယားတင် မဟုတ်ဘဲ ဆာအဲလက်စ် ဖာဂူဆန်၊ ကာလိုစ် အန်ဆယ်လော့တီ၊ ပက်ဂွာဒီယိုလာနဲ့ ဟိုဆေး မော်ရင်ညိုတို့လို ချန်ပီယံလိဂ် အောင်နိုင်ခဲ့သူတွေကအစ ချီးကျူးစကား ဆိုခဲ့ကြတာဖြစ်ပါတယ်။