ဘရိုက်တန်ပွဲကြို လီဗာပူးအသင်း လေ့ကျင့်ရေးမှာ နိုင်ငံတကာ သီတင်းပတ်ကနေ အသင်းသား အများအပြား ပြန်လာခဲ့ကြပေမယ့် လူတော့ မစုံသေးဘူးလို့ သိရပါတယ်။
အသင်းရဲ့ လေ့ကျင့်ရေးတွေဟာ ခွင့်ပြုထားတဲ့ မီဒီယာတွေ၊ လီဗာပူးအသင်းနဲ့ နီးစပ်သူတွေပဲ တက်ရောက်ခွင့်ရတာပါ။ အသင်းလိုက် လေ့ကျင့်ရေးကို လူစုံ မလုပ်နိုင်ပေမယ့် တစ်ဦးချင်း လေ့ကျင့်ရေးတွေမှာ ပါဝင်လာကြသူတွေလည်း ရှိနေပါတယ်။
ထရန့်နဲ့ ဂျိုတာတို့ တစ်ဦးချင်းတွေဖြင့် ဘောလုံးနဲ့အတူ လေ့ကျင့်ရေး ပြန်ဝင်နေကြပါပြီ။ မာတစ်ကတော့ အပြေးလေ့ကျင့်ရေး စတင်နေပါတယ်။ ပြင်သစ်အတွက် ပွဲထွက်ပေးခဲ့တဲ့ ကိုနတေးကတော့ အသင်းလေ့ကျင့်ရေးထံ ရောက်လာခြင်း မရှိသလို ကာတစ်ဂျုံးကလည်း ပူးပေါင်းထားခြင်း မရှိပါဘူး။
ဂိုးသမား အတ်ဒရီယန်ကိုတော့ လေ့ကျင့်ရေးမှာ မြင်ထားရပြီး အခြားသော ဂိုးသမားများ စာရင်းကို မသိရပေမယ့် ကလယ်ဟာနဲ့ လူငယ်ဂိုးသမား အချို့လည်း ပါဝင်ခဲ့တယ်လို့ ယူဆရပါတယ်။
ကြာသပတေးနေ့ လီဗာပူး လေ့ကျင့်ရေးမှာ ပါဝင်ခဲ့သူများ
ဂိုးသမား – အတ်ဒရီယန်။
ခံစစ် – ဗန်ဒိုက်၊ ဂိုးမက်စ်၊ ဘရတ်ဒလေ၊ နယ်လို၊ ကွမ်းဆက်။
ကွင်းလယ် – အန်ဒို၊ ဂရာဗင်ဘက်ချ်၊ ဟာဗေး၊ ဆိုဘို၊ မာကာ၊ မက်ကော်နယ်၊ မော်ရစ်ဆန်၊ နိုင်ယွန်နီ။
တိုက်စစ် – ဒါဝင်၊ ဆာလာ၊ ဒီယက်ဇ်၊ ဂက်ပို၊ ဂေါ်ဒန်၊ ဒန့်စ်၊ ကူးမက်စ်၊ ကိုနေး-ဒိုဟာတီ။
လေ့ကျင့်ရေးမှာ မပါခဲ့ကြသူများ – အယ်လီဆန်၊ ကိုနတေး၊ မာတစ်၊ ထရန့်၊ ရော်ဘတ်ဆန်၊ ဂျုံး၊ သီယေဂို၊ ဘာ့ဂျ်ဆဲတစ်၊ ဗန်ဒုတ်၊ ဂျိုတာ၊ ကိုစတက်။