

လီဗာပူးအသင်းရဲ့ ဦးတည်ချက်ဟာ စပို့တင်းနည်းပြ အာမိုရင်းထဲ သိသိသာသာ ယိမ်းလာခဲ့ပြီဖြစ်ပါတယ်။
ရော်ဘတ်ဆန်ရဲ့ အခြေအနေကို လီဗာပူးဘက်က နေ့စဉ် စောင့်ကြည့်နေပါတယ်။ ဒဏ်ရာက မပြင်းထန်ပေမယ့် နောက်အပတ်မှာပဲ ပြန်ပါဖွယ် ရှိပါတယ်။
သောကြာနေ့ လေ့ကျင့်ရေးကို ကာတစ်ဂျုံး ပါဝင်ဖွယ် ရှိပေမယ့် အသင်းရဲ့ ပွဲစဉ်တွေကို ၈ ပွဲထိ လွဲထားတာကြောင့် ဒီအပတ်မှာ အလျင်စလို ပြန်သုံးဖို့ နည်းပြကလော့ပ်က အလိုမရှိပါဘူး။
ကြာသပတေးနေ့ အသင်းလိုက် လေ့ကျင့်ရေးမှာ ကိုနတေး မပါခဲ့တာက အသင်းဘက်က သူ့ကို နားရက် ပေးထားတာကြောင့် ဖြစ်ပါတယ်။ ဘရိုက်တန်ပွဲမှာ သူပါဝင်လာဖို့ ရှိပါတယ်။
ဘာ့ဂျ်ဆဲတစ်ကို ယူ-၂၁ အသင်းမှာ အတူလေ့ကျင့်ခိုင်းပြီး ပွဲကစားခိုင်းမှာပါ၊ အသားကျလာမှ စီနီယာအသင်းထံ ပြန်ပြီး ခေါ်ယူမှာ ဖြစ်ပါတယ်။
ဖာနန်ဒို တောရက်စ်ဟာ ဒီအပတ်မှာ ကလော့ပ်ရဲ့ လေ့ကျင့်ရေး ပရိုဂရမ်တွေ၊ မီဒီယာတွေ့ဆုံမှုတွေအပြင် ဘရိုက်တန်ပွဲကိုပါ တက်ရောက်မှာဖြစ်ကာ ကလော့ပ်ရဲ့ စီမံပုံကို အနီးကပ် လေ့လာနေပြီဖြစ်ပါတယ်။
အက်ဆာလေ့ကျင့်ရေးကို တောရက်စ် အလည်လာချိန်မှာ ဆာလာက ‘သူက(တောရက်စ်) မင်းထက် သန်မာတယ်’ လို့ ထရန့်ကို စနောက်ခဲ့သလို ထရန့်ကလည်း တောရက်စ်ကို ‘ဒီဘဲက (ဆာလာ) ရှယ်ဖြုန်း၊ ဂိုးမသွင်းနိုင်ဘူး’ လို့ ပြန်စနောက်သွားပါတယ်။
Trent asks Torres if he’s training…
Salah: “He’s fitter than you!”
Trent: “He’s better than you!”
🤣🤣🤣 pic.twitter.com/cnzYi8ZviN
— The Anfield Talk (@TheAnfieldTalk) March 29, 2024
ဂျာမနီလက်ရွေးစင် နည်းပြ နာဂယ်စမန်းဟာ လီဗာပူးအသင်း မန်နေဂျာဖြစ်လာဖို့ မရှိပါဘူး။ နာဂယ်စမန်းက ဂျာမနီကို ယူရို ၂၀၂၄ ကိုင်တွယ်ဖို့ ရှိနေခြင်းက အဓိက အဟန့်အတား ဖြစ်ပါတယ်။ သူ့ကို စောင့်ဆိုင်းနေဖို့ အချိန်မရှိပါဘူး။
လီဗာပူးအသင်းဟာ နွေအပြောင်းအရွှေ့မှာ တိုနယ်လီနဲ့ လာဗီယာတို့ကို အလေးအနက် စိတ်ဝင်စားခဲ့ပေမယ့် မခေါ်ယူဖြစ်ခဲ့ပါဘူး။ သူတို့ နှစ်ဦးလုံးဟာ ဒီရာသီ တစ်ခုလုံးနီးပါး ပွဲကစားပေးနိုင်ကြခြင်း မရှိပါဘူး။ တိုနယ်လီကတော့ လောင်းကစားမှုကြောင့် ပိတ်ပင်ခံထားရတာပါ။