လူတိုင်း သိထားကြတာထက် ပိုနည်းမယ့် အမ်မိုရင်းနဲ့ ဒီဇာဘီတို့ရဲ့ စာချုပ်ပါကြေး

လီဗာပူးအသင်းဟာ ဒီနွေမှာ စပို့တင်း နည်ပြ အမ်မိုရင်ကို အန်ဖီးထံ ခေါ်ယူဖို့ဆိုရင် စာချုပ်ပါကြေး ပေါင် ၁၂.၈ သန်း သုံးရမှာဖြစ်ပါတယ်။

ဒီတလော အင်္ဂလန်သတင်းထောက်တွေ ဖော်ပြလာရာမှာ အမ်မိုရင်းရဲ့ စာချုပ်ပါကြေးဟာ ပေါင် ၁၇ သန်းဖြစ်တယ်လို့ သိထားရတာပါ။ တကယ်တမ်းမှာတော့ ဒီနွေမှာ သူ့ကို ပေါင် ၁၂ သန်းကျော်နဲ့ ခေါ်ယူနိုင်မှာဖြစ်ကာ ၂၀၂၅ မှ ခေါ်မယ်ဆိုရင် ပေါင် ၈.၅ သန်းပဲ ပေးရပါမယ်။

ပေါ်တူဂီကလပ် ဘရာဂါနဲ့ စပို့တင်းတို့ကို ကိုင်တွယ်ထားတဲ့ အမ်မိုရင်းဟာ အင်္ဂလိပ်လို ကောင်းကောင်းပြောဆိုနိုင်စွမ်းရှိသူ ဖြစ်ပါတယ်။

လီဗာပူးအသင်းကတော့ ဒီဇာဘီကိုလည်း သဘောကျနေပါတယ်။ ဒီဇာဘီရဲ့ ဘရိုက်တန်အသင်းနဲ့ စာချုပ်ပါကြေးကလည်း အမ်မိုရင်းနည်းတူ ပေါင် ၁၂ သန်းဖြစ်တယ်လို့ သိရပါတယ်။

နာဂယ်စမန်းကိုလည်း လီဗာပူးအသင်း စိတ်ဝင်စားခဲ့သေးပေမယ့် ဂျာမာန်သားဟာ ၂၀၂၄ ယူရိုပြီးမှ ဂျာမနီအသင်းကနေ ထွက်ခွာဖို့ စဉ်းစားမှာဖြစ်တာကြောင့် သူ့ကို ခေါ်ယူဖို့ ကြိုးစားသွားဖွယ် မရှိတော့ပါဘူး။