ကလော့ပ်တို့ ဖလားမရနိုင်ဘူးဆိုတဲ့ ရစ်ချက်၊ အလွန်ဆိုရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်တဲ့ ဂျိုးကိုလ်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ဒီကနေ့ည ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ မိုဆာလာ ပွဲထွက်လူစာရင်းကနေ ပါဝင်လာဖွယ်ရှိနေပါတယ်။

နည်းပြ ဒီဇာဘီကတော့ ဘရိုက်တန်အသင်းနဲ့ စာချုပ်သစ် သက်တမ်းတိုးမှာ မဟုတ်ဘဲ ကလပ် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီး အနာဂတ်အတွက် စဉ်းစားမယ်လို့ ပြောလာပါတယ်။

ကလော့ပ်နေရာ အစားထိုးဖို့ လီဗာပူးအသင်းရဲ့ ပစ်မှတ် စာရင်းထဲမှာ အင်တာမီလန် နည်းပြ အင်ဇာဂီလည်း ပါဝင်နေပါတယ်။

အမ်မိုရင်းကတော့ လက်တလောမှာ စပို့တင်းအတွက်ပဲ အာရုံစိုက်ချက်သေးတယ်လို့ ပြောဆိုရင်း အသင်းပြောင်းဖို့ ကိစ္စတွေကို ဖြေဆိုပေးရေး ငြင်းဆန်ပါတယ်။

ဂျိုးကိုးလ်ကတော့ လီဗာပူးမန်နေဂျာရာထူးကို ငြင်းဆန်မယ့် အလွန်ဆိုရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်လိုက်ပါတယ်။ နည်းပြလောကဟာ အတက်အကျ သိပ်မြန်ဆန်တာမို့ လီဗာပူးလို အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်မယ်ဆိုတာ နောက်တစ်ကြိမ် ထပ်ပြီး အခွင့်အရေး ပြန်ရဖို့ မလွယ်ဘူးလို့ သူက မှတ်ချက်ပေးပါတယ်။

ပွဲထွက်လူစာရင်းမှာ ထရန့်နဲ့အတူ ပွဲထွက်ဖို့လည်း အဆင်ပြေပါကြောင်း ဘရတ်ဒလေက ထုတ်ပြောပါတယ်။ သူတို့နှစ်ဦးကို အတူ ပွဲထုတ်လိုရင် ထရန့်က အခြားနေရာ ပြောင်းကစားရဖွယ် ရှိပါတယ်။

မာကာဟာ လီဗာပူးအတွက် သိပ်ကိုကောင်းတဲ့ လက်မှတ်ထိုးမှုဖြစ်ကြောင်း ကလော့ပ်က ထုတ်ဖော် ချီးကျူးပါတယ်။ လီဗာပူးရစ်သမ် တစ်ခုလုံးကို ဟန်ချက်ထိန်းပေးသူအဖြစ် မာကာကို ထောက်ပြခဲ့ပါတယ်။

ဂျုံးနဲ့ ဟာဗေးတို့ဟာ လီဗာပူးအတွက် အရေးပါသူတွေဖြစ်ကြပြီး သူတို့လို ကစားသမားတွေကို အင်အားဖြည့်လိုရင် အသုံးစရိတ်ကြီး ထုတ်ရမှာပါလို့ ကလော့ပ်က ပြောပါတယ်။

လီဗာပူးအသင်းကို နိုင်လိုက်တာနဲ့ ဘောလုံးရာသီ တစ်ခုလုံး ပြောင်းသွားမယ်လို့ ယူနိုက်တက်တို့ ထင်မြင်နေကြပေမယ့် သူတို့က အတော်လေး ဆိုးရွားပါတယ်လို့ မနက်က ဘရန့်ဖိုဒ့်နဲ့ ယူနိုက်တက်ပွဲအပြီး ရက်နက်က မှတ်ချက်ပေးခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို လီဗာပူးအသင်း လုံးဝ အနိုင်မရဘဲ မန်စီးတီးနဲ့ အာဆင်နယ်တို့ထဲက တစ်သင်းသင်းပဲ ရသွားလိမ့်မယ်လို့ မီဂါရစ်ချက်က ပြောပါတယ်။