ပရီးမီးယားလိဂ် လက်ကျန် ၉ ပွဲပဲ ကစားရတော့မယ့် အချိန်မှာ လီဗာပူးအသင်းက ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်လာနေပါတယ်။ ဒါဟာ ဒီရာသီ ပထမဆုံးအကြိမ်အဖြစ် လီဗာပူးအသင်းရဲ့ ရေပန်းစားမှုက မန်စီးတီး၊ အာဆင်နယ် နှစ်သင်းလုံးကို ကျော်တက်သွားတာပါ။
လီဗာပူးဘက်က ကမ်းလှမ်းရင် စပို့တင်းနည်းပြ အမ်မိုရင်းဟာ လက်ခံစကားပြောလိမ့်မယ်လို့ ပေါ်တူဂီဘက်က ဖော်ပြလာပါတယ်။ အမ်မိုရင်း ကိုယ်တိုင်ကတော့ သူဟာ စပို့တင်းနည်းပြပါလို့ပဲ တုန့်ပြန်ပါတယ်။
ရှက်ဖီးနဲ့ပွဲမှာ ဒဏ်ရာက ပြန်သက်သာလာနေတဲ့ ဂျုံး၊ ဂျိုတာ၊ ထရန့်တို့ အရန်စာရင်းကနေ ပြန်ပါလာဖွယ် ရှိပါတယ်။ မဟုတ်ရင်တော့ ယူနိုက်တက်နဲ့ အဝေးကွင်းပွဲမှာ ပါဝင်လာမှာပါ။
လီဗာပူးအသင်းနဲ့ ဒီဇာဘီကြား ချိတ်ဆက် စကားပြောမှု အခုချိန်ထိတော့ မရှိသေးကြောင်း ရိုမန်နိုက ပြောလာပါတယ်။
အမှတ်ပေးဇယားမှာ လီဗာပူးက ၂ မှတ်ပဲ အသာရနေတာပါလို့ အာဆင်နယ် တိုက်စစ်မှူး ဂျေးဆုက သတိပေးလာခဲ့ကာ သူတို့အသင်း ချန်ပီယံဖြစ်မယ်လို့ ယုံကြည်နေပါတယ်။
မော်တန်ရဲ့ ဖန်တီးပေးမှုကနေ လူငယ်တိုက်စစ်သမား ကာဗာရိုဟာ ဟူးစီးတီးအတွက် လှပတဲ့ သွင်းဂိုးတစ်ဂိုး ထပ်သွင်းခဲ့ပါတယ်။
That Fabio Carvalho & Tyler Morton link up — oof! ⚽️🎯 pic.twitter.com/f7lrfMocbi
— LFC Transfer Room (@LFCTransferRoom) April 1, 2024
လီဗာပူးအသင်းဟာ ဘရာဇီးကလပ် ပါမီးယက်စ်အသင်း လူငယ်စတား Luis Guilherme ကို စောင့်ကြည့်နေပါတယ်။ ၁၈ နှစ်သားလေးဟာ တောင်ပံတိုက်စစ်နဲ့ ကွင်းလယ် နံပါတ် ၁၀ နေရာ အဓိကကစားသူဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ် လီဗာပူး၊ အာဆင်နယ်၊ မန်စီးတီး၊ ယူနိုက်တက်တို့က စိတ်ဝင်စားနေပေမယ့်လို့ ရီးရဲလ်မက်ဒရစ်ကနေ ရိုဒရီဂို မထွက်ခွာလိုပါဘူး။
နံပါတ် ၆ ကောင်းကောင်း တစ်ဦးရှိရင် မာကာ ဘယ်လောက်ထိ ကောင်းနိုင်သလဲဆိုတာ အန်ဒိုပါဝင်လာပြီးနောက်ပိုင်း ပွဲတွေကို ကြည့်ရင် မြင်နိုင်ကြောင်းနဲ့ နွေမှာ ကွင်းလယ်ခံစစ်သမားကောင်း တစ်ဦး ခေါ်ယူဖို့ အသင်းကို တိုက်တွန်းမှုတွေ ရှိနေပါတယ်။