မျက်ခုံးလှုပ်ရတော့မယ့် ယူနိုက်တက် vs လီဗာပူး ပွဲစဉ်အတွက် ကွင်းလယ်ဒိုင်နဲ့ VAR ဒိုင်လူကြီး

ဒီအပတ် အိုးထရတ်ဖိုဒ့်မှာ သွားရောက် ယှဉ်ပြိုင်ရမယ့် ယူနိုက်တက်နဲ့ပွဲမှာ ကွင်းလယ်ဒိုင်အဖြစ် အန်တိုနီ တေလာ ကိုင်တွယ်သွားမှာပါ။

လီဗာပူးပရိသတ်တွေအတွက်တော့ စိတ်လှုပ်ရှားစရာ ဒိုင်ကို ရခဲ့ခြင်းဖြစ်ကာ သူဟာ ဂရိတ်မန်ချက်စတာဖွား တစ်ဦးဖြစ်ပါတယ်။

ဒီနောက်ပိုင်း လီဗာပူးပွဲစဉ်တွေမှာ တေလာထံက အငြင်းပွားစရာ ဆုံးဖြတ်ချက်မျိုး ပြင်းပြင်းထန်ထန် မရှိထားပေမယ့် မန်ချက်စတာကလပ်တစ်သင်းနဲ့ ပွဲစဉ်မှာ သူ့ကို တာဝန်ပေးတာကို အသင်းပရိသတ်တွေက သဘောမကျပါဘူး။

ဒီရာသီမှာ တေလာဟာ လီဗာပူးပွဲစဉ် ၄ ပွဲ ကိုင်တွယ်ဖူးပါတယ်။ သူတာဝန်ယူတဲ့ ပွတွေအတွင်း အန်ဖီးမှာ ယှဉ်ပြိုင်ကစားတဲ့ နယူးကာဆယ်ကို ၄-၂ အနိုင်ရတဲ့ပွဲ တစ်ပွဲတည်း လီဗာပူးအသင်း အနိုင်ရထားခဲ့တယ်။

အခြားပွဲစဉ်တွေကတော့ ချယ်ဆီးကို သရေကျခဲ့တဲ့ အဖွင့်ပွဲ၊ ဘရိုက်တန်ကို ၂-၂ ရလဒ်ထွက်ခဲ့တဲ့ အဝေးကွင်းပွဲနဲ့ အာဆင်နယ်ကို ၃-၁ ဖြင့် ရှုံးနိမ့်ခဲ့တဲ့ အဝေးကွင်း ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။

သူ့ရဲ့ လက်ထောက်အဖြစ် Gary Beswick နဲ့ Adam Nunn တို့ တာဝန်ယူမှာပါ။ VAR ဒိုင်အဖြစ်က John Brooks ဖြစ်ကာ သူ့ရဲ့လက်ထောက်အဖြစ် Richard West တာဝန်ယူပါမယ်။