လီဗာပူးအသင်းဟာ မန်နေဂျာသစ်အဖြစ် စပို့တင်းနည်းပြ အမ်မိုရင်းကို အလေးအနက်ထား ကြိုးစားသွားဖွယ် ရှိနေပါတယ်။
အမ်မိုရင်းက သူဟာ နောက်ရာသီ စပို့တင်းမှာပဲ ဆက်ရှိနေမယ်လို့ အာမခံချက် မပေးတော့ဘဲ စောင့်ကြည့်ကြတာပေါ့လို့ တုန့်ပြန်ခဲ့ပါတယ်။ လီဗာပူးအသင်းနဲ့ ပေါ်တူဂီသားတို့ဟာ ဆွေးနွေးမယ့် ရက်ချိန်းတွေ စီစဉ်ထားပြီလို့လည်း ပေါ်တူဂီသတင်းတွေက ဆိုပါတယ်။
Alan Shearer ကတော့ ဒီအပတ် သူ့ရဲ့ အကောင်းဆုံးအသင်းထဲ ဘရတ်ဒလေနဲ့ မာကာတို့ကို ထည့်သွင်းခဲ့ပါတယ်။
ဟူးစီးတီးထံ အငှားထွက်နေတဲ့ ကာဗာရိုဟာ ဒီရာသီဝက်အတွင်းမှာ ချန်ပီယံရှစ်ပွဲ ၁၃ ပွဲကစားပြီး ၅ ဂိုး သွင်းယူထားနိုင်ပါတယ်။
ကာရေဂါကတော့ ဘယ်တောင်ပံသမား ဒီယက်ဇ်ဟာ ကစားသမားကောင်းဖြစ်ပေမယ့် ထိပ်တန်းတစ်ဦး မဟုတ်တာကြောင့် ဒီနွေမှာ ရောင်းချလိုက်ဖို့ အကြံပေးပါတယ်။
ဒီအပတ် လီဗာပူးနဲ့ပွဲကို ယူနိုက်တက် ခံစစ်မှူးတွေဖြစ်တဲ့ မာတီနက်စ်နဲ့ လင်ဒီအော့တို့ ပါဝင်မှာ မဟုတ်ပါဘူး။
မန်စီးတီးနဲ့ အက်စတွန်ဗီလာတို့ ထိပ်တိုက်တွေ့ချိန်မှာ ဗီလာရဲ့ အကောင်းဆုံး ကစားသမား ဝတ်ကင် မပါနိုင်တော့ခြင်းအတွက် မေးခွန်းထုတ်မှုတွေ ထွက်ပေါ်နေပါတယ်။
FSG ဟာ သူတို့ရဲ့ ဘောလုံးဆိုင်ရာ အော်ပရေးရှင်းတွေအတွက် ဘင်ဖီကာ နည်းစနစ်ဒါရိုက်တာ Pedro Marques ကို ရာထူးတစ်ခုနဲ့အတူ တရားဝင် ခန့်အပ်နိုင်ဖို့ နီးစပ်နေပါပြီ။
လီဗာပူးအသင်းဟာ Head of Opposition Analysis ရာထူးအတွက် ဟက်ဒါဖီးနဲ့ နော်ဝစ်ချ် စိစစ်သူဟောင်း Jansen Moreno ကို ပစ်မှတ်ထားလာပါတယ်။
စပါးနဲ့ပွဲတုန်းက ဒီယက်ဇ်သွင်းဂိုးကို မှားယွင်းပြီး မပေးခဲ့တဲ့ ဒိုင်တွေကို လူသားတွေက အမှားလုပ်တတ်ပါတယ်လို့ ကာကွယ်ပေးခဲ့တဲ့ ဘန်လေနည်းပြ ကွန်ပနီဟာ ချယ်ဆီးပွဲအပြီးမှာတော့ လက်ရှိဒိုင်တွေဟာ ပရီးမီးယားလိဂ် အဆင့်အတန်းနဲ့ မကိုက်ညီဘူးလို့ ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။