အာဆင်နယ်၊ မန်စီးတီးပွဲတွေကို ရောဂါရလို့ စောင့်ကြည့်မှာ မဟုတ်ခြင်းနဲ့ ဒဏ်ရာ တိုးတက်မှုတွေအကြောင်း ကလော့ပ် ထုတ်ပြော

ဒဏ်ရာ အခြေအနေ

နည်းပြကလော့ပ်က ” ယူနိုက်တက်ပွဲကြောင့်ဆိုပြီး ပွဲထွက်လူစာရင်းကို စဉ်းစားမှာ မဟုတ်ပါဘူး။ ကာတစ်ဂျုံး လေ့ကျင့်ရေးအပြည့် ပြန်ဝင်ထားတာ မှန်ပေမယ့် မိနစ် ၉၀ အပြည့် သူ့ကို မသုံးနိုင်သေးပါဘူး။

အချို့ ကစားသမားတွေက အရှိန်လိုပါတယ်။ ဂျိုတာနဲ့ ထရန့်တို့ ပြန်သက်သာလာတာကြောင့် နောက်အပတ်မှာ အသင်းရဲ့ လေ့ကျင့်ရေးထဲ ပြန်ပါလာပါမယ်။ အယ်လီလည်း အခြေအနေကောင်းလို့ နောက်အပတ်မှာ ပြန်လာနိုင်ပါလိမ့်မယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ဖလားရဖို့ ရေပန်းစားခြင်း

နည်းပြက ” ကျနော်တို့ အာရုံမထားပါဘူး။ အာဆင်နယ်ကို ရှုံးခဲ့တဲ့နောက် ကျနော်တို့ ပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့ ရေပန်းမစားတော့ပါဘူး။ ဘာလို့လဲမသိပါဘူး။ အခုချိန်မှာက အပြင်ကလာတဲ့ အသံတွေကို ဂရုစိုက်မနေဖို့ပဲ လိုပါတယ်။ ကိုယ့်ဘာသာပဲ အကောင်းဆုံး ကြိုးစားရမှာပါ။ ” ဆိုပြီး ပြောပြပါတယ်။

အာဆင်နယ်၊ မန်စီးတီးပွဲကို စောင့်ကြည့်မှာ မဟုတ်

နည်းပြကလော့ပ်က “ သူတို့တွေ ပွဲတွေနိုင်သွားကြဖို့ မျှော်လင့်ပါတယ်။ ကျနော်တို့က ကိုယ့်ပွဲပဲ နိုင်အောင် ကစားဖို့ လိုအပ်တာပါ။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် အခြားအသင်းတွေရဲ့ ရလဒ်ကို စိတ်မဝင်စားပါဘူး။

အရင်နှစ်တွေတုန်းက လက်စတာအသင်း အနိုင်ရဖို့ မျှော်လင့်ပြီး ပွဲကို စောင့်ကြည့်ခဲ့ပါတယ်။ သူတို့ မနိုင်ခဲ့ပါဘူး။ ဒီတော့ ပြိုင်ဘက်တွေရဲ့ ပွဲတွေကို ကျနော် စောင့်ကြည့်မှာ မဟုတ်ပါဘူး။ နှလုံးတွေဘာတွေ ဖောက်သွားနေပါဦးမယ် ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။