မနက်ကပွဲမှာ အာဆင်နယ်က လူတန်တောင်းအသင်းကို ၂-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် လီဗာပူးထက် ၁ ပွဲပိုကစား ၁ မှတ်အသာဖြင့် ဇယားထိပ်ကို တက်သွားပါတယ်။
လီဗာပူးအသင်းဟာ အမ်မိုရင်းရဲ့ ကိုယ်စားလှယ်တွေနဲ့ မကြာခဏ တွေ့ဆုံမှု လုပ်ထားခဲ့ပြီဖြစ်ကာ စကားပြောဆိုမှုတွေက တိုးတက်တဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။
ဘာစီလိုနာဟာ အမ်မိုရင်းအတွက် ပေးရမယ့် စာချုပ်ပါကြေး ယူရို ၁၅ သန်းကို မတတ်နိုင်ပါဘူး။ သူတို့ရဲ့ ဦးစားပေးက ဇာဗီကို ဆက်နေပေးဖို့အတွက် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။
အသင်းမှာ ထိုက်သင့်သလောက် အသိအမှတ်ပြုမှု မခံရဆုံး ကစားသမားကတော့ ဂက်ပိုပါလို့ ဆာလာက ထုတ်ဖော်ခဲ့ပါတယ်။
လီဗာပူးအသင်း အခုလို အနေအထားမှာ ဆက်ရှိနေတာဟာ ကလယ်ဟာနဲ့ အန်ဒိုတို့ရဲ့ အကူအညီကြောင့်ပါလို့ ကလော့ပ်က ချီးကျူးခဲ့ပါတယ်။
ထရန့်၊ ဂျိုတာ၊ အယ်လီဆန်တို့ဟာ လာမယ့်အပတ်မှာ လီဗာပူးအသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဝင်နိုင်မှာ ဖြစ်ပါတယ်။
ကော်နာ ဘရတ်ဒလေဟာ ဘရိုက်တန်ပွဲအတွင်း ပြိုင်ဘက် ဧရိယာထဲမှာ ဘောလုံးထိချက် ၁၁ ကြိမ် ရှိခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် ပွဲစဉ် တစ်ခုအတွင်း ပြိုင်ဘက်အသင်း ဧရိယာထဲမှာ ထိချက် အများဆုံး ရှိတဲ့ လီဗာပူး အစွန်လူဖြစ်လာစေပါတယ်။
မာကာက နံပါတ် ၈ နေရာမှာ တောက်ပနေပေမယ့် အာဂျင်တီးနားသားဟာ နံပါတ် ၆ နေရာမှာ အကောင်းဆုံး ကစားနိုင်သူလို့ ကလော့ပ်က ပြောလာပါတယ်။ ဒါဟာ နည်းပြသစ်လက်ထက် သူ့ကို နံပါတ် ၆ နေရာ မြင်လို့ရကြောင်း ကြိုတင် ပြောဆိုတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါဝင် နူးညက်စ်က ပြောချင်ရာပြောပြီး ပေါ်တူဂီလို တစ်ယောက်မှလည်း နားမလည်ပါဘဲ ထောက်ခံချင်သလို ထောက်ခံနေကြတဲ့ ရိုဘိုတို့ရဲ့ ကြေညာက ပရိသတ်တွေကြား ပွဲဖြစ်နေပါတယ်။
သီယေဂိုဟာ ဒီနွေမှာ လီဗာပူးကနေ ထွက်ခွာမှာပါ။ သူဟာ ဆော်ဒီ ဒါမှမဟုတ် ကာတာဘက်က ကလပ်တစ်သင်းထံ ပြောင်းရွှေ့သွားနိုင်ပါတယ်။
မိန့်အသင်းထံ အငှားချထားတဲ့ ခံစစ်မှူး ဗန်ဒန်ဘတ်ကို အပြီးသတ် ဝယ်ယူခွင့် ညိနှိုင်းခံမှာ မဟုတ်ဘဲ ရာသီကုန်ရင် အသင်းထံပဲ ပြန်ခေါ်မှာဖြစ်ကြောင်း လီဗာပူးဘက်က ဂျာမနီကလပ်ကို အသိပေးထားပါပြီ။