

လီဗာပူးသင်းရဲ့ ကာလရှည် အမှုထမ်းဖြစ်သလို ကလပ်ရဲ့ ဦးဆောင်အဖွဲ့ထဲ ပါဝင်တဲ့ ဆာလာကတော့ အသင်းဖော်တွေနဲ့ ပတ်သက်လို့ မှတ်ချက်ပေးမှု အနည်းငယ် ပြုလုပ်လာခဲ့ပါတယ်။
ဒီအပတ် ပြုလုပ်တဲ့ တီဗီချန်နယ်နဲ့ ပရိုဂရမ်မှာ လက်ရှိ လီဗာပူးအသင်းမှာ ပရိသတ်တွေထဲက ချီးကျူးမှု သိပ်မရတဲ့ အသင်းဖော်တွေအကြောင်း မေးခံရမှု ပါဝင်ခဲ့တာပါ။
“ ပြောရခက်ပါတယ်။ အယ်လီကို ပရိသတ်တွေ သဘောတွေ့ကြတယ်၊ သူက ထူးချွန်ပါတယ်။ ကျနော် ပြောတာကို အထင်မလွဲပါနဲ့ အသင်းဖော်တွေအားလုံးက အသိအမှတ်ပြုမှုတွေ ရဖို့ ထိုက်တန်ပါတယ်။
ဗန်ဒိုက်၊ ထရန့်၊ ရိုဘို အားလုံးက ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှု ရကြပါတယ်။ ” လို့ ဆာလာက ကနဦး ပြောပါတယ်။
Salah on who’s the most underrated player in the team: pic.twitter.com/PvJBrw9ddA
— Nuna (@NaiiLFC) April 3, 2024
ထိုက်သင့်သလောက် အသိအမှတ်ပြု မခံရတဲ့ underrated အသင်းဖော် နှစ်ဦးအဖြစ်တော့ ဒါဝင်နဲ့ ဂက်ပိုတို့ကို ဆာလာက ရွေးချယ်ပါတယ်။
“ ကျနော်ကတော့ ဒါဝင်နဲ့ ကိုဒီတို့က ထိုက်တန်တဲ့ ချီးကျူးမှု မရဘူးလို့ ထင်မိတယ်။ ကိုဒီဆိုရင် ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှု မရပါဘူး။ ဒီလို ပြောတာကို ပရိသတ်တွေ သဘောတူပါ့မလားတော့ မသိပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါဝင်ကို အန်ဖီးကွင်းက ပရိသတ်တွေအပြင် နိုင်ငံတကာ ပရိသတ်တွေက အတော်လေး သဘောကျမှု ရှိထားပါတယ်။ ဒါပေမယ့် ဂက်ပိုနဲ့ ပတ်သက်လာရင်တော့ ဝေဖန်မှုကပဲ ပိုမို များပြားတာဖြစ်ပါတယ်။
တိုက်စစ်မှူး ဂက်ပိုဟာ လီဗာပူးအသင်းမှာ ပုံမှန် ပွဲထွက်ရသူ မဟုတ်သလို သူ့ရဲ့ နေရာမှန်ကနေ ပွဲထွက်ရခြင်း မရှိဘဲ အလျင့်သင့်သလို ပွဲထွက်နေရတာကြောင့် ခြေစွမ်းပိုင်း သက်သေပြနိုင်ဖို့ ခက်ခဲမှုတွေ ရှိနေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။