

အန်ဖီးကွင်းမှာ လီဗာပူးကို ၃-၁ ဖြင့် ရှုံးနိမ့်အပြီး ရှက်ဖီးယူနိုက်တက် နည်းပြဖြစ်သူ ခရစ်ဝှိုက်ဒါက လီဗာပူးအသင်းကို ဆုတောင်းပေးမှု လုပ်သွားပါတယ်။
ပွဲအပြီး နှစ်သင်း နှုတ်ဆက်ကြချိန်မှာ ဝှိုက်ဒါက လီဗာပူး ဝန်ထမ်းတစ်ဦးကို ” မင်းတို့ ပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့ ငါမျှော်လင့်တယ်၊ ငါ တကယ်ကို မျှော်လင့်တာပါ ” လို့ ထုတ်ပြောခဲ့ပါတယ်။
ဝှိုက်ဒါကတော့ ဒီပွဲမှာ သူ့အသင်းကို ဒုက္ခအပေးဆုံး ကစားသမားတွေအဖြစ် တိုက်စစ်မှူး ဒါဝင်နဲ့ ကွင်းလယ်လူ မာကာတို့ကို ဆွဲထုတ်ပြသွားခဲ့သေးတာ ဖြစ်ပါတယ်။
နည်းပြကလော့ပ်ကလည်း ဒီပွဲမှာ အပြောင်းအလဲဖြစ်စေခဲ့တာဟာ မာကာရဲ့ အံ့မခန်း သွင်းဂိုးဖြစ်ပါကြောင်း ပွဲအပြီးမှာ ဝန်ခံခဲ့ပါတယ်။ ပွဲကို အပြီးသတ်စေမယ့် တတိယဂိုးကိုလည်း ကလော့ပ်က အသိအမှတ်ပြုခဲ့တယ်။
“ ပွဲအလှည့်အပြောင်းဖြစ်ဖို့ မာကာရဲ့ သွင်းဂိုး လိုအပ်ခဲ့ပါတယ်။ တတိယဂိုးကလည်း အဲ့မတိုင်ခင်တည်းက ရသင့်တာပါ။ ရိုဘိုရဲ့ အရှိန်အပြည့်နဲ့ ဖြတ်တင်ဘောကို ဂက်ပိုက ထူးရှယ်ကြီး ခေါင်းတိုက် သွင်းယူသွားတာပါ ” လို့ ချီးကျူးသွားတာ ဖြစ်ပါတယ်။