NEWS: အမ်မိုရင်းကို ၃ နှစ်စာချုပ်ဖြင့် ညိနှိုင်းနေတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်း နည်းပြဖြစ်သူ အမ်မိုရင်းကို ခေါ်ယူနိုင်ရေး တိုက်ရိုက် ညိနှိုင်းမှုတွေ လုပ်နေပြီဖြစ်ပါတယ်။

၂၀၂၄-၂၀၂၅ ဘောလုံးရာသီကနေ လီဗာပူးအသင်းကို စတင် တာဝန်ယူဖို့ ညိနှိုင်းနေကာ ၃ နှစ်စာချုပ်ပေးမှာပါ။ ကလပ်နဲ့ နည်းပြကြားမှာ လုပ်ခပိုင်းတွေ သဘောတူညီမှုရလုဖြစ်နေကာ စာချုပ်ကာလကိုတော့ ဆွေးနွေးနေကြဆဲဖြစ်ပါတယ်။

အရင်အပတ်တည်းက လီဗာပူးနဲ့ အမ်မိုရင်းရဲ့ ကိုယ်စားလှယ်ကြား ဆွေနွေးမှု အကောင်းမြင်စရာ ရှိခဲ့ရာကနေ ဒီကနေ့မှာ ဆက်လက် ညိနှိုင်းကြဖို့ကို ကြိုတင် ရက်ချိန်းယူထားခဲ့ကြတာ ဖြစ်ပါတယ်။

အမ်မိုရင်းကိုယ်တိုင်က လီဗာပူးကို ပြောင်းလာလိုစိတ်ရှိပါတယ်။ ဒီနွေမှာ စပို့တင်း ခံစစ်မှူး အန်နာဆီယိုကို လီဗာပူး ခေါ်ယူနိုင်ရေးမှာလည်း သူပါဝင် ကြိုးစားပေးဖွယ် ရှိပါတယ်။