

ပေါ်တူဂီဘက်မှာ သတင်းကြီးတွေ ထွက်နေပေမယ့်လို့ လီဗာပူးအသင်းဟာ အမ်မိုရင်းကို ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရထားတာ မဟုတ်ပါကြောင်း လီဗာပူးသတင်းထောက်တွေက ဆိုပါတယ်။
အယ်လီဆန်၊ ထရန့်၊ ဂျိုတာ၊ ဘာ့ဂျ်ဆဲတစ်တို့ လေ့ကျင့်ရေး ပြန်ဝင်ခဲ့ပေမယ့် အန်ဒိုကတော့ မပါနိုင်ခဲ့ပါဘူး။ အထဲမှာ လေ့ကျင့်နေတာ မြင်ခဲ့ရတာမို့ ကြံ့ခိုင်မှုပိုင်း ဂရုစိုက်ပေးနေခြင်း ဖြစ်နိုင်ပါတယ်။
ဒီယေဂို ဂျိုတာဟာ ဒဏ်ရာကြောင့် အနားယူနေရပေမယ့် တိုက်စစ်သမား ၅ ဦးထဲမှာ ပရိသတ် တောင်းဆိုမှု အမြင့်ဆုံး ကစားသမားအဖြစ် ဩဇာကြီးမားလာပါတယ်။ လက်ရှိ တိုက်စစ်တွေထဲမှာ သူ့ရဲ့ အဆုံးသတ်ပိုင်း အရည်အချင်းကို မီတဲ့သူ မရှိဘူးလို့ မှတ်ချက်ပေးခံနေရပါတယ်။
Back 😃 pic.twitter.com/tN6KsTP0WX
— Diogo Jota (@DiogoJota18) April 9, 2024
တိုက်စစ်သမား ဒီယက်ဇ်ဟာ ဒီနွေမှာ အသင်းပြောင်းသွားဖွယ် ရှိနေကာ ပီအက်စ်ဂျီအသင်းနဲ့ စကားပြောနေတဲ့ သူ့အတွက် လီဗာပူးဘက်က ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်း တောင်းဆိုပါမယ်။
ယူရိုပါလိဂ် ဖိုင်နယ်ကို တက်ရောက်နိုင်မယ်ဆိုရင် လီဗာပူးအသင်းဟာ လက်မှတ် ခွဲတမ်း ၁၂၀၀၀ ရရှိမှာဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ ကြံ့ခိုင်ရေး နည်းပြတွေဖြစ်ကြတဲ့ Andreas Schlumberger နဲ့ Kornmayer တို့ဟာ ရာသီကုန်ရင် အသင်းကနေ ထွက်ခွာသွားမှာဖြစ်ပါတယ်။
လူငယ်ကြယ်ပွင့်လေး စကန်လွန်ဟာ လီဗာပူးအသင်းနဲ့ သက်တမ်းတိုးခဲ့ပါတယ်။ သူဟာ ဒီရာသီ အသင်းအတွက် ၂ ပွဲ ကစားပေးခွင့်ရထားပါတယ်။
ဒီနွေမှာ ယှဉ်ပြိုင်မယ့် ယူရိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်းတွေအတွက် ကစားသမား ခေါ်ယူခွင့်ကို တိုးပေးဖို့ ယူအီးအက်ဖ်အေက စဉ်းစားနေတာကြောင့် ဟာဗေးနဲ့ ဂျုံးတို့ အခွင့်အရေး ရသွားနိုင်ပါတယ်။