ပွဲထွက်က ပါလိုတဲ့ ဟာဗေး၊ အတ္တလန်တာပွဲမှာ အယ်လီဆန် ပါဦးမယ် မဟုတ်၊ အမှတ်လျော့ ပြစ်ဒဏ် ဆက်ရှိဖွယ်ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းရဲ့ စာချုပ်သစ်ပေးဖို့ ဦးစားပေး ကစားသမားတွေထဲ ဒီယက်ဇ် မပါသေးပါဘူး။ သူ့ကို ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့ စိတ်ဝင်စားနေတာက အမှန်တကယ်ဖြစ်ပြီး လီဗာပူးဘက်ကတော့ ပေါင် ၇၅ သန်း မရရင် ထွက်ခွင့်ပေးမှာ မဟုတ်ပါဘူး။

ဂျိုတာနဲ့ ထရန့်တို့ကို အတ္တလန်တာပွဲမှာ လူစားဝင် ကစားသမားအဖြစ် အခွင့်အရေးပေးဖွယ် ရှိနေပါတယ်။ အယ်လီဆန်လည်း ပြန်သက်သာလာပေမယ့် ပွဲထွက်က ပါဦးမှာ မဟုတ်ပါဘူး။

ဘာ့ဂျ်ဆဲတစ်ကတော့ သောကြာနေ့ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမယ့် ယူ-၂၁ ပွဲစဉ်မှာ ပါဝင်ကစားရမှာဖြစ်ပါတယ်။

လီဗာပူးအသင်းထံ ပြောင်းလာလို့ ကျောနံပါတ် ရွေးရမယ့် အချိန်က အသင်းဘက်က လွတ်နေတဲ့ နံပါတ်တွေကို ဂဏန်းအငယ်က စပြောခဲ့ပြီး 8 ကို ရွေးခဲ့ကြောင်းနဲ့ သူ ဒီနံပါတ်ကို ရွေးခဲ့အပြီးမှာ ဂျရတ်ထံက အကူအညီလိုရင် ပြောဖို့ စာသားမက်ဆေ့ ရခဲ့တယ်လို့ ဆိုဘိုစလိုင်က ပြောပါတယ်။

ဟာဗေးက အသင်းရဲ့ ပွဲတွေမှာ သူ ပွဲထွက်ကနေ ပါဝင်လိုပါကြောင်း အတ္တလန်တာပွဲကြိုမှာ ဝန်ခံခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာ ဂိုးသမား၊ ခံစစ်၊ ကွင်းလယ်နဲ့ တိုက်စစ်တွေအတွက် အနည်းဆုံး လူသစ် ၁ ဦးစီ အားဖြည့်ဖွယ် ရှိနေပါတယ်။

လီဗာပူးအသင်းရဲ့ ဦးစားပေးဟာ ဘယ်ခြမ်း ဗဟိုခံစစ်မှူးဖြစ်လာဖွယ် ရှိနေပြီး စပို့တင်းမှ အန်နာဆီယိုကို ခေါ်ယူနိုင်သလို အခြားသော ခံစစ်မှူးတွေကိုလည်း ပစ်မှတ်အဖြစ် ချိန်ရွယ်နိုင်နေဆဲပါ။

ပရီးမီးယားလိဂ် ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ရင် အမှတ်လျော့ ပြစ်ဒဏ်ကိုပဲ ဆက်လက် ထားရှိဖို့ အင်္ဂလန်ကလပ်တွေက ဆွေးနွေးသွားဖွယ် ရှိပါတယ်။

အမ်မိုရင်းဟာ လက်တလော လီဗာပူးစိတ်ဝင်စားနေတဲ့ နည်းပြစာရင်းမှာ ထိပ်ဆုံးက ရှိနေပေမယ့် သူနဲ့ သဘောတူညီမှု မရသေးခြင်းဟာ ကလပ်ဘက်က အခြား ၁ ဦးကိုလည်း ချိတ်ဆက်လိုနေသေးသလားလို့ မေးခွန်းထုတ်နေကြပါတယ်။