ဒီယက်ဇ်ကို ဆက်ထိန်းရေး အားထုတ်ဖွယ်ရှိခြင်း၊ အိုးထရတ်ဖိုဒ့်မှာ ဂိုးသွင်းတဲ့ ဂျေဒန်ဒန့်စ်၊ ပဲလေစ့်ပွဲ ဂျိုတာ ပါဖွယ်ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းများ

လီဗာပူးအသင်းဟာ ဒီယက်ဇ်ကို စာချုပ်သစ်ပေးဖို့ ဆန္ဒရှိနေပါတယ်။ အသက် ၂၇ နှစ်အရွယ် တိုက်စစ်သမားဟာ ၂၀၂၇ ခုနှစ်ထိ အသင်းနဲ့ စာချုပ်ရှိထားတာဖြစ်ပါတယ်။

လီဗာပူး ယူ-၂၁ အသင်းဟာ အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက် ယူ-၂၁ အသင်းကို ၃-၀ ဖြင့် အနိုင်ယူခဲ့ပါတယ်။ အဆိုပါပွဲမှာ တိုက်စစ်မှူး ဂျေဒန် ဒန့်စ်က သွင်းဂိုး ၁ ဂိုး သွင်းခဲ့သလို ဘာ့ဂျ်ဆဲတစ်ကလည်း လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။

၂၀၂၃ ဖေဖော်ဝါရီကနေ ၂၀၂၄ ဖေဖော်ဝါရီအတွင်း လီဗာပူးအသင်းဟာ ကစားသမား ခေါ်ယူမှုတွေအတွက် အေးဂျင့်ခ ပေါင် ၃၁.၅ သန်း အသုံးပြုခဲ့တယ်လို့ အက်ဖ်အေက တရားဝင် ထုတ်ပြန်ပါတယ်။

လီဗာပူးအသင်း တာဝန်ရှိသူတွေနဲ့ ပရိသတ်များဆိုင်ရာ ဘုတ်အဖွဲ့တို့ဟာ ဒီကနေ့မှာ လက်မှတ်နှုန်းထား ၂% တိုးမြင့်တဲ့ကိစ္စ ညိနှိုင်းစကားပြောကြမှာ ဖြစ်ပါတယ်။

ဒဏ်ရာကြောင့် ၉ ပွဲ အနားယူရပြီး ပြန်ကစားချိန် ပင်ပန်းနွမ်းနယ်လှတဲ့ ကာတစ်ဂျုံးကို မြင်ရလို့ အံ့အားသင့်မိကြောင်း နည်းပြကလော့ပ်က ဝန်ခံပါတယ်။

ဒီအပတ် ပဲလေစ့်နဲ့ပွဲမှာ ထရန့်နဲ့ ဂျိုတာတို့ကို ပွဲထွက်ကနေ ပါဝင်ခွင့် ပေးမပေးက ဆေးအဖွဲ့ရဲ့ ခွင့်ပြုချက်အပေါ် မူတည်နေပါမယ်။

နည်းပြကလော့ပ်ကတော့ အတ္တလန်တာပွဲမှာ လူစားဝင် ကစားခဲ့တဲ့ ဂျိုတာဟာ ပဲလေစ့်ပွဲမှာ ပါဝင်သွားနိုင်ကြောင်း သတင်းပေးထားပါတယ်။

ဂိုးမက်စ်ကို ဧရိယာထိပ်ကနေ ကန်သွင်းဖို့ အော်ဟစ်တိုက်တွန်းတာ လုံးဝ ရပ်တန့်ကြဖို့ လီဗာပူးပရိသတ်တွေကြား သတိပေးနေပါပြီ။

ဂျင်မီကာရေဂါကတော့ ယူရိုပါလိဂ်ကို လက်လျော့ဖို့နဲ့ ပရီးမီးယားလိဂ်ကိုပဲ အားအပြည့် ထည့်ဖို့ လီဗာပူးအသင်းကို တိုက်တွန်းပါတယ်။

ရူဘန် အမ်မိုရင်းက စပို့တင်းကနေ လီဗာပူးအသင်းထံ ပြောင်းလာချိန်မှာ ကွင်းလယ်ခံစစ်သမား Morten Hjulmand ကို အပါခေါ်လိုကြောင်း ပေါ်တူဂီသတင်းတွေက ဖော်ပြပါတယ်။

ဒီယက်ဇ်ကို ခေါ်ယူရေး ဘာစီလိုနာအသင်း ဝင်ပါမှာ မဟုတ်ပါဘူး။ လီဗာပူး တောင်းဆိုတဲ့ ပေါင် ၇၅ သန်းထိပေးဖို့ သူတို့မှာ ငွေကြေး မရှိပါဘူး။