မနက်ကပွဲမှာ ဘရိုက်တန်အသင်းက အဲဗာတန်ကို အရေးနိမ့်တာကြောင့် လက်ကျန် ၃ ပွဲကို အနိုင်ရရင် အနည်းဆုံး လီဗာပူးအသင်းက ယူရိုပါလိဂ် ဝင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။
ဒီရာသီ လီဗာပူးအသင်း တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ပရိသတ်တွေကြား ဆန္ဒ ကောက်ယူမှုမှာ အယ်လီဆန်က ဆာလာကို အပြတ်အသတ် အသာရနေပါတယ်။
ဒီကလန်ရိုက်အတွက် ကမ်းလှမ်းမှုတွေ ရခဲ့ရင် နားထောင်ပေးဖို့ ဝက်စ်ဟမ်းဘက်က ဆုံးဖြတ်လိုက်ပါတယ်။ သူ့ကို ခေါ်ယူရေး အာဆင်နယ်က ရေပန်းစားနေပေမယ့် စိတ်ဝင်စား ကလပ်တွေထဲမှာ လီဗာပူးကလည်း ယူနိုက်တက်၊ ချယ်ဆီးတို့နဲ့အတူ ပါဝင်နေတာပါ။
လီဗာပူးအသင်းနဲ့ ဒါရိုက်တာ ရှမတ်ကီတို့ဟာ အားကစားဒါရိုက်တာ ရာထူးအတွက် မဟုတ်ဘဲ အပြောင်းအရွှေ့အတွက် အတိုင်ပင်ခံ ရာထူးအတွက် စကားပြောနေတာ ဖြစ်တယ်လို့ သိရပါတယ်။
မက်အယ်လစ်စတာကို ခေါ်ယူရေးအား ချယ်ဆီးဘက်က သွေးအေးသွားပြီ ဖြစ်တာကြောင့် လီဗာပူးနဲ့အပြိုင် ချိတ်ဆက်မယ့် အသင်းက ယူနိုက်တက်လောက်ပဲ ကျန်ပါတော့တယ်။
လီဗာပူးဘက်က အယ်လစ်စတာရဲ့ အေးဂျင့်နဲ့အတူ တစ်ပတ်ကို ပေါင် ၁၅၀၀၀၀ ထက်ပိုတဲ့ လုပ်ခပေးမယ့် စာချုပ်ကိစ္စ ဆွေးနွေး ညိနှိုင်းနေပြီ ဖြစ်ပါတယ်။
တိုက်စစ်မှူး ဒီယက်ဇ်အတွက် လီဗာပူးပရိသတ်တွေ စပ်ပေးလိုက်တဲ့ သီချင်း ပေါ်ထွက်လာပါပြီ။ အတော်လေး လူကြိုက်များနေပါတယ်။
Here we go @LuisFDiaz19 @andyhodgson110 🎸🎤#luisdiaz #lfc #anfield #colombia #Barrancas #taggysbar pic.twitter.com/ALmgOGQSlx
— Taggy’s (@taggysbar) May 6, 2023
တန်ကြေး ပေါင် သန်း ၆၀ တောင်းဆိုခံထားရတဲ့ ဖူလ်ဟမ်ကွင်းလယ်လူ ပေါ်လင်ညာကို ခေါ်ယူရေးအတွက် လီဗာပူးနည်းတူ အက်စတွန်ဗီလာဘက်ကလည်း စိတ်ဝင်စားလာနေပြီ ဖြစ်ပါတယ်။
ခံစစ်မှူး ဆပ်ဗန်ဒါဘတ်က ရှောကေးအသင်းက သူ့ကို ဆက်ထိန်းထားလိုရင် သူလည်း ဘွန်ဒက်လီဂါကလပ်မှာ နေရလိုပါတယ်လို့ ထုတ်ပြောလာပါတယ်။
လီဗာပူးအသင်းမှာ ဒါဝင်နူညက်နဲ့ ကာတစ်ဂျုံးတို့ဟာ အတော်လေး ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြတယ်လို့ သိရပါတယ်။ သူတို့ နှစ်ဦးဟာ ဘာသာစကား မတူညီပေမယ့် အတော်လေး ဆက်ဆံရေး ကောင်းထားကြပါတယ်။
ဒီနွေမှာ အန်ဖီးကနေ ထွက်မယ်လို့ အတည်ပြုလိုက်တဲ့ အာသာက လီဗာပူးအသင်းကို ရောက်လာတည်းက ကလော့ပ်ဟာ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါကြောင်းနဲ့ သူနဲ့အတူ တွဲလုပ်ရတာကို ဂုဏ်ယူပါတယ်လို့ အာသာက ထုတ်ပြောလာပါတယ်။