Golden Boy ဆန်ကာတင်ထဲ ပါလာတဲ့ ဘော်ဘီကလက်၊ ဂျိုတာ ပွဲချိန် ပိုရဖွယ်ရှိခြင်း၊ မူဆီယာလာ စိတ်ဝင်စားခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

စနေနေ့ပွဲစဉ်မှာ လူတန်ကို မန်စီးတီးက ၅-၁ ဖြင့် အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်သွားပါတယ်။

စပို့တင်း ဥက္ကဋ္ဌကတော့ အမ်မိုရင်းအတွက် စာချုပ်ပါကြေး မရပါဘဲ အပြောင်းအရွှေ့ ကိစ္စကို အကြို သဘောတူညီမှု လုပ်ပေးဖို့ ငြင်းဆန်ပါတယ်။

လီဗာပူးအသင်းကတော့ ပရိသတ်တွေဘက်က ဆန္ဒပြနေပေမယ့် လက်မှတ်နှုန်းထား ၂% တိုးမြင့်ခြင်းကို ပြန်ရုတ်သိမ်းသွားမှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။

2024 Golden Boy အတွက် ဆန်ကာတင် ၁၀၀ စာရင်းမှာ ဘော်ဘီကလက် ပါဝင်လာပါတယ်။ သူဟာ ဒီစာရင်းထဲ ပါဝင်နိုင်တဲ့ တစ်ဦးတည်းသော လီဗာပူး ကစားသမားဖြစ်ပါတယ်။

ယူရိုပါလိဂ် ရှုံးပွဲအတွက် တုန့်ပြန်ပြမယ်လို့ နည်းပြကလော့ပ်က ကတိပေးပါတယ်။ ဒီကနေ့ ပဲလေစ့်ပွဲပြီးရင် လီဗာပူးရဲ့ အဝေးကွင်းပွဲစဉ်တွေ ဆက်တိုက်လာတော့မှာ ဖြစ်ပါတယ်။

ပဲလေစ့်ပွဲမှာ ထရန့်ဟာ ပွဲကစားချိန် မိနစ် အနည်းငယ်ရရင် အကောင်းမြင်စရာဖြစ်ကာ ဂျိုတာကတော့ မိနစ် ၂၀ ထက် ပိုကစားနိုင်မှာ ဖြစ်ပါတယ်။

ကာဗာရိုဟာ ချန်ပီယံရှစ်ကလပ် ဟူးစီးတီးမှာ ခြေစွမ်း တောက်လျှောက် ထိုးတက်နေပြီး မနေ့တုန်းကလည်း သွင်းဂိုး ၁ ဂိုး ထပ်ယူခဲ့ပါတယ်။ သူဟာ ဟူးစီးတီးအတွက် နောက်ဆုံးကစားထားတဲ့ ၁၀ ပွဲမှာ သွင်းဂိုး ၇ ဂိုးထိ ရထားပါပြီ။

ဘိုင်ယန်မြူးနစ် တိုက်စစ်သမား မူဆီယာလာကို ခေါ်ယူဖို့ လီဗာပူးကလည်း စိတ်ဝင်စားပေမယ့်လို့ ဂျာမာန်သား အသင်းပြောင်းခဲ့ရင် မန်စီးတီးထံ ရောက်ဖို့က ရာနှုန်း အများဆုံး ဖြစ်ပါတယ်။