အယ်လီဆန်၊ ဆာလာ၊ ဆိုဘိုစလိုင်တို့ ပြန်လည်ပါဝင်လာမယ့် ပဲလေစ့်ပွဲကြို လီဗာပူး ပွဲထွက်လူစာရင်း

ဒီကနေ့ညမှာတော့ လီဗာပူးအသင်းဟာ ပဲလေစ့်ကို အိမ်ကွင်းမှာ ဧည့်ခံကစားပြီး ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုကို အရှိန်မြှင့်ရမှာပဲ ဖြစ်ပါတယ်။

Team News

  • ဒီပွဲမှာ ထရန့်နဲ့ ဂျိုတာတို့ ပွဲထွက်ကနေ ပါဝင်လာမှာ မဟုတ်ပါဘူး။ ဂျိုတာကတော့ ပွဲကစားချိန် ပိုရနိုင်ပါတယ်။
  • ကာတစ်ဂျုံးရဲ့ ပွဲပန်းမြန်မှုကို အံ့ဩသင့်မိကြောင်း နည်းပြကလော့ပ်က ထုတ်ပြောခဲ့ပါတယ်။ အရန်ကနေပဲ ပါဝင်ရဖွယ် ရှိပါတယ်။
  • အယ်လီဆန် လေ့ကျင့်ရေး အပြည့် ပြန်ဝင်ထားပါတယ်။

Liverpool’s XI vs. Crystal Palace

လီဗာပူးရဲ့ ခံစစ်ကြောင်းဟာ ဗန်ဒိုက်ကို အမာခံထားပြီး တွဲဘက် ခံစစ်မှူးကို အလှည့်ကျဖြင့် ထုတ်သုံးနေတာဖြစ်ပါတယ်။ ကွမ်းဆက်ဟာ အလားအလာရှိပေမယ့် ထိပ်တန်းအဆင့်တွေမှာ ပွဲကစားခွင့် နည်းပါးခြင်းကြောင့် အမှားလုပ်မိတာမျိုးတွေ ရှိပါတယ်။

ဒီနေ့ပွဲမှာ ဂိုးသမားနေရာ အယ်လီဆန် ပွဲထွက်ပြီး ဗန်ဒိုက်ကို ကွမ်းဆက်နဲ့ တွဲထုတ်မှာပါ။ ဘယ်အစွန်မှာတော့ ခြေစွမ်း ကျဆင်းနေတဲ့ ဂိုးမက်စ်ကို အနားပေးပြီး ရိုဘိုကို ပြန်လည် ပွဲထုတ်ကာ ညာခြမ်းကတော့ ဘရတ်ဒလေ ဖြစ်လာဖို့ ရှိပါတယ်။

ကွင်းလယ်မှာလည်း နည်းပြကလော့ပ်က အန်ဒို၊ မာကာတို့နဲ့ တွဲဘက်ဖို့ ဆိုဘိုကို ထည့်သွင်းဖွယ် ရှိပါတယ်။ ဂျုံးအနေနဲ့ အရန်ကနေ ပါဝင်လာဖို့ ဟာဗေး၊ ဂရာဗင်ဘက်ချ်တို့နဲ့ စောင့်ဆိုင်းရမှာဖြစ်ပါတယ်။

တိုက်စစ်ကတော့ ပရိသတ်တွေဘက်က စိတ်ရှည်ဖို့ လိုအပ်ပါလိမ့်မယ်။ ဂျိုတာကို ဒုတိယပိုင်းမှ မိနစ် ၃၀ ဝန်းကျင် ပွဲကစားခွင့် ထပ်ပေးနိုင်ပြီး ဆာလာ၊ ဒါဝင်၊ ဒီယက်ဇ်ပဲ ဆက်လက် ပွဲထွက်လာဦးမှာပါ။