မနေ့တုန်းက လီဗာပူးအသင်းဟာ Hillsborough ဖြစ်ရပ် ၃၅ နှစ်ပြည့်အဖြစ် အထိမ်းအမှတ် ဆုတောင်းခြင်းတွေကို ပြုလုပ်သွားပါတယ်။
လေဗာကူဆင်အသင်း စီအီးအိုက နွေအပြောင်းအရွှေ့အတွက် အသုံးစရိတ်ရဖို့ ကြယ်ပွင့် တစ်ဦးကို ရောင်းချရမယ်လို့ ထုတ်ပြောလာပါတယ်။ သူတို့ဟာ ကစားသမားသစ် ၃ ဦးလောက်ကို ခေါ်ယူနိုင်မယ့် ငွေကြေး ရလိုတာကြောင့် ဝက်ဇ်ကို ရောင်းဖွယ် ရှိပါတယ်။
ကလယ်ဟာကို ခေါ်ယူဖို့ နော်တင်ဟမ် ဖောရက်စ် အပါအဝင် ပရီးမီးယားလိဂ် ကလပ်တွေက စိတ်ဝင်စားလာတာကြောင့် ဒီနွေဟာ သူ့ကို ထွက်ခွာခွင့်ပေးရမယ့် အချိန် ဖြစ်လာနိုင်ပါတယ်။
လီဗာပူးအသင်းဟာ ကလယ်ဟာအပြင် အတ်ဒရီယန်ကိုပါ ထွက်ခွင့်ပေးရနိုင်တာကြောင့် နွေကျရင် ဂိုးသမားသစ် ၂ ဦး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
ဟူးစီးတီးမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်သမား ကာဗာရိုကို ခေါ်ယူချင်တဲ့ ကလပ်တွေ များပြားနေပါတယ်။ သူ့ကိုတော့ အီတလီဘက်ကလည်း စိတ်ဝင်စားမှု ပြသလာနေတာပါ။
လီဗာပူးအသင်းဟာ လက်တလောမှာ အမ်မိုရင်း တစ်ဦးတည်းနဲ့ အလုပ်များနေဆဲဖြစ်ကာ စပို့တင်းအသင်းထံတော့ တိုက်ရိုက် ဆက်သွယ်နေခြင်း မရှိသေးပါဘူး။
လီဗာပူးအသင်းက ဘိုင်ယန်မြူးနစ် နည်းပြဟောင်း ကိုဗက်ကို ယာဂင်ကလော့ပ် နေရာ အစားထိုးမယ့် လျာထားနည်းပြစာရင်းထဲ ထည့်ထားတယ်လို့ အသံထွက်နေပါတယ်။
မိုရိုကိုနဲ့ ဘယ်ဂျီယံ လက်ရွေးစင်တွေကို ကိုယ်စားပြုခွင့်ရှိတဲ့ ဂျန့်အသင်း ကွင်းလယ်လူ Bilal El Khannouss ကို လီဗာပူးဘက်က စိတ်ဝင်စားနေပါတယ်။
စပို့တင်းမှ အန်နာဆီယိုကို ဒီနွေမှာ လီဗာပူးအသင်း ကမ်းလှမ်းမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ပေးရမယ်လို့ သိရပါတယ်။