

လီဗာပူးအသင်းဟာ အမ်မိုရင်းကို စိတ်ဝင်စားနေသလို အန်နာဆီယိုကိုလည်း ဆက်တိုက် ကင်းထောက်နေကာ စပို့တင်း ခံစစ်မှူးကိုပါ ခေါ်ယူလိုကြောင်းတွေ ပြသနေပါတယ်။
ပေါ်တူဂီ သတင်းတွေမှာ ရှေ့သိပ်ရောက်တဲ့ ဖော်ပြချက်တွေ ပြုလုပ်နေပေမယ့် လီဗာပူးအသင်းဟာ အခုချိန်ထိ ကလော့ပ်နေရာမှာ အမ်မိုရင်းနဲ့ အစားထိုးမယ်လို့ အသေအချာ ဆုံးဖြတ်ထားလိုက်တာမျိုး မဟုတ်သေးဘူးလို့ သိရပါတယ်။
ဧပရယ်လ ဒုတိယနဲ့ တတိယပတ်လောက်မှာတော့ လီဗာပူးအသင်းဟာ ကလပ်ရဲ့ ပစ်မှတ် မန်နေဂျာတွေနဲ့ အင်တာဗျူးတွေ စတင်သွားမှာဖြစ်ပါတယ်။
ဘောလုံးရာသီရဲ့ အရေးကြီးကာလကို ရောက်နေတာကြောင့် သက်ဆိုင်ရာ ကလပ်တွေမှာ ကိုယ်စီ ရင်ဆိုင်ရမှုတွေရှိနေမယ့် နည်းပြလောင်းတွေရဲ့ အခြေအနေကို လေးစားဖို့ လိုအပ်ကြောင်းလည်း လီဗာပူးအသင်းဘက်က နားလည်ထားပါတယ်။
လီဗာပးအသင်းဘက်က အမ်မိုရင်းနဲ့ သေချာပေါက် အင်တာဗျူး လုပ်မှာဖြစ်သလို အခြားသော ပစ်မှတ် နည်းပြတွေနဲ့လည်း အင်တာဗျူးတွေ ရှိပါမယ်။ ဒီလုပ်ငန်းစဉ်မှာ နည်းပြတစ်ယောက်ထဲ အပေါ် ကလပ်ရဲ့ မျှော်လင့်ချက်တွေ အားလုံးကို ပုံပေးထားဖို့ လီဗာပူးဘက်က မစဉ်းစားထားပါဘူး။
အခြားသော အကြီးတန်း ရာထူးတွေကို ခန့်အပ်ချိန်တွေမှာ လီဗာပူးအသင်းဟာ အတော်လေး စိစစ်မှုကြီးမားသလိုပဲ မန်နေဂျာသစ် ကိစ္စမှာလည်း အသေးစိတ်ကျကျ အလုပ်လုပ်မှာဖြစ်ပါတယ်။
အားလုံးထဲမှာတော့ အမ်မိုရင်းဟာ လီဗာပူးနည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်ပါတယ်။ အသင်းဘက်ကတော့ ဗဟိုခံစစ်မှူးသစ်ကို ခေါ်ယူဖို့ကိုပါ ဦးစားပေးအဖြစ် ရွေးချယ်ထားကာ အသက် ၂၂ နှစ်အရွယ် အန်နာဆီယိုကို သဘောကျထားပါတယ်။
လီဗာပူးဘက်က အန်နာဆီယိုရဲ့ စာချုပ်ကိစ္စတွေကိုလည်း စုံစမ်းမှု ရှိထားတယ်လို့ သိရပြီး အန်ဖီးမှာ စပို့တင်းရဲ့ အရေးကြီး ပုဂ္ဂိုလ်နှစ်ဦးကို ဆုံစည်းပေးဖို့ အခွင့်အရေး များနေတာဖြစ်ပါတယ်။