အကြီးတန် အရာရှိသစ် ခေါ်ယူခြင်း၊ အတ္တလန်တာ နည်းပြရဲ့ သတိပေးချက်၊ အပြောင်းအရွှေ့ ကိစ္စတွေနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဘရတ်ဒလေဟာ ဒဏ်ရာကြောင့် ၃ ပတ်ခန့် အနားယူရမှာဖြစ်ပါတယ်။ သူဟာ ဘောလုံးရာသီ အပိတ်ကာလလောက်မှ ပြန်ကစားနိုင်ဖွယ် ရှိပါတယ်။

ထရန့်က သူ ညစာအတူ တွဲစားလိုတဲ့ ကစားသမား ၃ ဦးရှိပြီး ဂျရတ်၊ ဇီဒန်းနဲ့ ရော်နယ်ဒိုတို့ဖြစ်တယ်လို့ ထုတ်ပြောပါတယ်။

လီဗာပူးဟာ အေစီမီလန်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ၆ မိနစ်အတွင်း ၃ ဂိုး သွင်းယူဖူးခဲ့တာမို့ ဒုတိယအကျော့မှာ သတိကြီးထားရမယ်လို့ အတ္တလန်တာ နည်းပြက ပြောပါတယ်။

ဒါဝင် နူးညက်စ်ဟာ ကစားသမားကောင်းဖြစ်ပေမယ့် လီဗာပူးအသင်း လိုအပ်တဲ့ နံပါတ် ၉ သမား အဆင့်မျိုးမှာတော့ မရှိဘူးလို့ ဘယ်အစွန်လူဟောင်း အန်းနရစ်က ဝေဖန်လိုက်ပါတယ်။

ပေါ်တိုအသင်းမှ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်ခံစစ်သမား အလန်ပါရဲရာ ကို လီဗာပူးအသင်းက စိတ်ဝင်စား စောင့်ကြည့်နေတဲ့ သတင်းတွေ ထွက်နေပါတယ်။

လီဗာပူးအသင်းဟာ ရီးရဲလ်ဆိုစီဒက် တိုက်စစ်သမား ကူဘိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စပိန်ကလပ်ကတော့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ဝန်းကျင် တောင်းဆိုလိုပါတယ်။

ဖရန့်ဖတ် ခံစစ်သမား ဝီလီယမ် ပါချိုကို အခြားသော ပရီးမီးယားလိဂ် ကလပ်တွေနဲ့အပြိုင် လီဗာပူးကလည်း စိတ်ဝင်စားနေပါတယ်။

လီဗာပူးအသင်းရဲ့ ကစားသမား အငှားချရေးဆိုင်ရာ ဒါရိုက်တာဖြစ်သူ David Woodfine ဟာ အသင်းကနေ ထွက်ခွာသွားပြီး ၁ နှစ်အကြာ လာမယ့်ရာသီမှာတော့ လက်ထောက် အားကစား ဒါရိုက်တာ ရာထူးနဲ့ လီဗာပူးကို ပြန်လာမှာဖြစ်ပါတယ်။

နယူးကာဆယ်ကလည်း လီဗာပူးနည်းတူ ဘုန်းမောက်ခံစစ်သမား လွိုက်ကယ်လီကို ပစ်မှတ်ထားလာနေပါတယ်။

အဲဗာတန်အသင်းဟာ ရမှတ်လျော့ခံရမှုကို အယူခံဝင်လိုက်တာကြောင့် တန်းဆင်းဇုန် အဆုံးအဖြတ်ဟာ ရာသီသိမ်းပြီး နောက်ပိုင်းမှ အတည်ပြုနိုင်ဖွယ် ရှိပါတယ်။