နည်းပြသစ် ရွေးချယ်ရေးမှာ ထင်ပေါ်မှုထက် စိတ်ကြိုက်ကိုပဲ ရဲရဲလိုက် ရွေးချယ်မယ့် မိုက်ကယ်အက်ဝပ်

လီဗာပူးအသင်းရဲ့ အနာဂတ်ဟာ မိုက်ကယ်အတ်ဝပ်တို့ လက်ထဲ ထည့်ခံထားရတာဖြစ်ပြီး FSG CEO ဟာ ယာဂင်ကလော့ပ် ခေတ်လွန် ကြီးကျယ်တဲ့ စိန်ခေါ်မှုကို ဦးဆောင်ဖို့ ယုံကြည်ချက်ရှိနေပါတယ်။

The Athletic သတင်းထောက် David Ornstein ကတော့ အတ်ဝပ်နဲ့ ရစ်ချက်ဟုချ် ဦးဆောင်နေတဲ့ အဖွဲ့ဟာ ထင်ပေါ်မူထက် ရဲရင့်တဲ့ ဆုံးဖြတ်ချက်နဲ့ပဲ မန်နေဂျာသစ်ကို ရွေးချယ်ဖို့ ပြင်ဆင်ထားတယ်လို့ ဖော်ပြလာတယ်။

လီဗာပူးအသင်းရဲ့ ဒေတာသုတေသန ဒါရိုက်တာ William Spearman ဟာ အသင်းကို အသစ်ရောက်လာတဲ့ မိုက်ကယ်အတ်ဝပ် (CEO of Football)၊ ရစ်ချက်ဟုချ် (sporting director) တို့နဲ့ ပူးပေါင်းပြီး ဒေတာအဖွဲ့ကို ဦးဆောင်ကာ နည်းပြလောင်း ရှာဖွေနေပါတယ်။

အလွန်ဆိုကို ခေါ်ယူဖို့ ချိတ်ဆက်ပေမယ့် စပိန်သားနည်းပြက လေဗာကူဆင်မှာပဲ ဆက်နေဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် အလွန်ဆိုကို မချိတ်ခင်တည်းက လီဗာပူး ဒေတာအဖွဲ့ဟာ အခြားသော နည်းပြတွေကို ပိုသဘောကျနေကြောင်း အသံတွေ ထွက်ထားခဲ့ပါတယ်။

အတ်ဝပ်တို့ဟာ “brave over popular” ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်စွဲထားပြီး အများသူဌာ ကြိုက်နှစ်သက်ဖို့ထက် ကလပ်အတွက် မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ဖို့ ရည်ရွယ်ကာ ရဲရင့်တဲ့ ဆုံးဖြတ်ချက်မျိုးကို လုပ်ဆောင်သွားဖို့ အာရုံစိုက်နေပါတယ်။

(ဒီနေရာမှာ ဖြတ်ပြောရရင် လီဗာပူးက ဘယ်လိုပုံစံ နည်းပြမျိုး လိုချင်တာလဲ ဆိုတာကို ကျနော်တို့ Liverpool ThaDin ဝဘ်ဆိုဒ်မှာ မကြာခဏ ဖော်ပြခဲ့ပြီဖြစ်ပါတယ်။)

အမ်မိုရင်းက ရေပန်းစားမှု ထိပ်ဆုံးမှာ ရှိနေကြောင်း သတင်းဌာနတွေက ဖော်ပြနေကြပေမယ့် အတ်ဝပ်တို့အတွက်ကတော့ ဘယ်သူက ဦးစားပေးဆိုတာမျိုး သတ်မှတ်ထားခြင်း မရှိပါဘူး။ မန်နေဂျာလောင်းတိုင်းကို တူညီတဲ့ ဆက်ဆံမှုဖြင့် အခွင့်အရေးပေး ရွေးချယ်မှာ ဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေ ကြိုက်နှစ်သက်ဖွယ် မရှိသလို လူသိလည်း နည်းတဲ့ ဘိုလော့ညာနည်းပြ Thiago Motta နဲ့ ဖီယင်နုနည်းပြ Arne Slot တို့ဟာ အသင်းနည်းပြဖြစ်လာဖို့ ရေပန်းစားမှုမှာ တတိယနေရာ ရောက်နေပါတယ်။ စတုတ္ထနေရာမှာ ရှိနေသူဆိုရင် ဘုန်းမောက်နည်းပြ မာတင်အိုနေးဖြစ်ပါတယ်။

ဒုတိယနေရာမှာ အခုချိန်ထိ ဒီဇာဘီရှိနေဆဲပါ။ လူသိများနည်းပြတွေဖြစ်တဲ့ သောမက်စ် တူချယ်၊ အမ်မရီတို့ကိုလည်း လီဗာပူးက စောင့်ကြည့်ပေမယ့် သူတို့ရဲ့ ရေပန်းစားမှုက အိုနေးလောက်တောင် မမြင့်မားပါဘူး။

FSG ကတော့ မန်နေဂျာသစ် ရှာပုံတော် ကိစ္စကို အတ်ဝပ်နဲ့အဖွဲ့အား ယုံယုံကြည်ကြည် လွဲအပ်ထားပြီဖြစ်ကာ အခုချိန်ထိ ပါဝင်စွက်ဖက်မယ့် အလားအလာမျိုး မမြင်ရသေးတာ ဖြစ်ပါတယ်။