စနေနေ့ ပရီးမီးယားလိဂ် ပွဲစဉ်အပြီး အာဆင်နယ်က အဝေးကွင်းမှာ ဝုဗ်ကို ၂-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးကို ပြန်ရောက်သွားပါတယ်။ လီဗာပူးအသင်းဟာ အာဆင်နယ်ထက် ၁ ပွဲလျော့ကစား ၃ မှတ်အကွာ ဂိုးပေါင်းကွာဟချက် ၁၀ ဂိုးဖြစ်ပါတယ်။
နည်းပြသစ်ဖြစ်လာဖို့ ရှေ့ဆုံးက ရေပန်းစားနေတဲ့ အမ်မိုရင်းဟာ လီဗာပူးကို ပြောင်းလာခဲ့ရင် ခံစစ်မှူး အန်နာဆီယိုကို ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိပါတယ်။
ခံစစ်မှူးသစ် ရှာဖွေသွားမယ့် လီဗာပူးအသင်းဟာ စပို့တင်းမှ ခံစစ်သမား Diomande ကိုလည်း သဘောကျပေမယ့် သတင်းတွေက ရှေ့တိုးမလာသေးပါဘူး။
ဂါနာသတင်းထောက်တွေက လီဗာပူးအသင်းဟာ ဝက်ဟမ်းတိုက်စစ်သမား ခူးဒက်စ်ကို ဆာလာနေရာ အစားထိုးဖို့ စိတ်ဝင်စားတယ်လို့ စတင် ဖော်ပြနေကြပါတယ်။
ဒီရာသီ ဘယ်လိုပဲဖြစ်လာပါစေ လီဗာပူးအသင်းကို အထင်ကြီးတယ်လို့ ဂွာဒီယိုလာက ထုတ်ဖော်ခဲ့ပါတယ်။ မန်စီးတီးနည်းပြဟာ နှစ်တိုင်းမှာ သူတို့ကို စိန်ခေါ်ဖို့ ပြန်ပြန်ရောက်လာအောင် လီဗာပူးအသင်း ကြိုးစားနိုင်စွမ်းဟာ ပေါ့သေးသေး မဟုတ်ကြောင်း နားလည်ထားပါတယ်။
လက်ကျန် ၁ လကို အစွမ်းကုန် အားထည့်ကြဖို့ ထရန့်က အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာ လီဗာပူးအသင်းထံက ကျဆင်းမှုတွေ မြင်ရပေမယ့် ထရန့်ကတော့ ပိုပို ကောင်းလာနေတာပါ။
လီဗာပူးနည်းပြလောင်းအဖြစ် ရေပန်းစားမှုထဲ ဖီယင်နုနည်းပြ အန်းစလော့ဟာ တတိနေရာထိ တက်လာခဲ့ပါပြီ။
အငှားထွက်ကစားနေတဲ့ လူငယ် ဘယ်အစွန်လူ အိုဝင်ဘက်ဟာ စကော့တလန်လိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းထဲ ပါဝင်လာပါတယ်။